News

POST TYPE

NEWS

ရွှေချောင်းသာ ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျ
22-Feb-2020


ပုသိမ် ဖေဖော်ဝါရီ ၂၂

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှ ဖေဖော်ဝါ ၂၂ ရက် နံနက် ၉ နာရီ အချိန်က ထွက်ခွာလာသော ရွှေချောင်းသာ အမည်ရှိ ခရီးသည်တင်ကားသည် ပုသိမ် ချောင်းသာကားလမ်း မိုင်တိုင်အမှတ် ၃၁/၅ နှင့် ၃၁/ ၆ အကြားတွင် ပေ ၄၀ ခန့်ရှိ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာသော ရွေချောင်းသာယာဉ်မှာ ဝါဘိုးကျေးရွာအုပ်စု၊ မြတ်ရှု့ကျေးရွာ နားအရောက် လမ်းဘေးချောက်ထဲသို့ ယင်းနေ့နံနက် ၁၀ နာရီခန့်ကထိုးကျသွားကြောင်း ၊ခရီးသည် ဦးရေ ၄၂ ဦးလိုက်ပါလာပြီး အမျိုးသမီး ၁ ဦး နဖူး ပေါက်ပြဲဒါဏ်ရာ နှင့် အသက် ၃၈ ရှိ ယာဉ်မောင်း ဦးဝေဇင်ဦးတို့ ခြေထောက်ထိခိုက် ဒါဏ်ရာရရှိကြောင်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ က The Voice ကို ပြောသည်။

"ဒါဏ်ရာရသူတွေကို ချောင်းသာဆေးရုံမှာ ကုသထားတယ် စိုးရိမ်စရာမရှိဘူး ၊အသေအပျောက်တော့ မရှိဘူး၊ ဘာကြောင့်ဖြစ်တာလဲဆို တာစစ်ဆေးဆဲပါ" ဟု၎င်းကဆက်ပြောသည်။



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့တွင် နေထိုင်သော အသက် ၃၈ နှစ်အရွယ်ရှိ ယာဉ်မောင်း ဦးဝေဇင်ဦးကို ချောင်းသာနယ်မြေ ရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

မောင်မျိုးထက် (ပုသိမ်) 

R-04

ဓါတ်ပုံ ကျော်သူ