News

POST TYPE

NEWS

မီးသင့်မင်္ဂလာစျေး (မန္တလေး) အမြန်ဆုံးတည်ဆောက်ပေးရေး ဆန္ဒထုတ်ဖော်
16-Feb-2020


မန္တလေး ဖော်ဖော်ဝါရီ ၁၆

မီးလောင်ပြီး ၄ နှစ်နီးပါးကြာသော်လည်း ယနေ့အထိ ပြန်လည်တည်ဆောက်မှု မရှိခြင်းသေးသော မီးဘေးသင့်မင်္ဂလာစျေး (မန္တလေး) အမြန်ဆုံးတည်ဆောက်ပေးရေးအတွက် စျေးသူစျေးသားအင်အား ၁၀၀ ကျော်ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် စျေးသူစျေးသားများက မန္တလေးမြို့ ၃၅ လမ်း ယာယီမင်္ဂလာစျေးနေရာမှ ၇၃ လမ်းအတိုင်း၊ ယင်းမှ ၃၁ လမ်းအတိုင်း မင်္ဂလာစျေးနေရာအထိ လမ်းလျှောက်ပြီး “မီးဘေးသင့် မင်္ဂလာဈေး ဈေးသူဈေးသား ဆန္ဒအတိုင်း အမြန်ဆုံတည်ဆောက်ပေးရေး၊” “ မန္တလေးတိုင်းအစိုးရ၏ ပေးထားသောကတိစကားများအတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးရေး” ၊ “မြေညီထပ်မူလနေရာ မူလအတိုင်း ပြန်လည်ရရှိရေး” ၊ “ တာဝန်မယူနိုင်သော ပုဂ္ဂိုလ်များ၊ မြေအောက်ထပ် အလိုမရှိ ”၊ “သမ္မတကြီးနှင့် အမေစု ကူညီပေးပါ ”စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မင်္ဂလာစျေးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ မူလနေရာ မူလအတိုင်း မြေညီထပ်ကို ပေးပါ့မယ်လို့ ကတိပေးထားတယ်။ အခု ပြောထားသလို မဟုတ်တဲ့အတွက်အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်ဟု ယင်းဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကိုကိုမောင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၂ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ မင်္ဂလာစျေးအဆောက်အအုံးကြီးသည် ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းသွားခဲ့ပြီး ယာယီဈေးကို ၃၅ လမ်း ဂေါ်ယာဘောလုံကွင်းနေရာတွင် ဖွင့်လှစ်ထားသည်။

S-02