News

POST TYPE

NEWS

မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှဒုရဲမှူး ယာဉ်တိုက်မှုဖြင့် ကွယ်လွန်
06-Feb-2020


တိုက်ကြီး၊ ဖေဖော်ဝါရီ ၅

တိုက်ကြီးမြို့နယ်အတွင်း ရဲစခန်းများကို လှည့်ကင်းစစ်ဆေးရေး ဆောင်ရွက်နေသော မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်က ဥတိုကျေးရွာအုပ်စု အင်ကုန်းကျေးရွာအနီးတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ကြောင်း တိုက်ကြီးမြို့မရဲစခန်းထံမှသိရသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးလှိုင်သည် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်က ယာဉ်မောင်းတင်မျိုးအောင်နှင့်အတူ တိုရိုတာကိုရိုလာ ဖင်ကောက်အဖြူရောင်ဖြင့် ဥက္ကံမြို့နယ်မြေရဲစခန်းသို့ ညဉ့်နက်လှည့်ကင်းများအား သွားရောက်စစ်ဆေးပြီးအပြန် ဥတိုကျေးရွာအုပ်စု အင်ကုန်းကျေးရွာအနီးတွင် တိုက်ကြီးဘက်မှ မောင်းနှင်လာသော ၁၂ ဘီးကားဖြင့် မျက်နှာချင်းဆိုင်တိုက်မိရာ ဒုရဲမှူးစိုးလှိုင် အသက်(၅၃)နှစ်မှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်။

သေဆုံးမူနှင့်ပတ်သက်၍ ၁၂ ဘီး ယာဉ်မောင်းဇင်မင်းထက် အသက် (၂၂)နှစ်နှင့် တိုရိုတာကိုရိုလာဖင်ကောက်အဖြူရောင်ယာဉ်မောင်း တင်မျိုးအောင် အသက်(၄၇)နှစ်တို့ကို တိုက်ကြီးမြို့မရဲစခန်းက ယာဉ်(ပ) ၄။၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၅(က)၃၃၇။၂၇၉ တို့ဖြင့် အရေးယူဆောင်ရွက်ထားသည်။ 

R-06