News

POST TYPE

NEWS

လှိုင်သာယာမှ ဝေဘာဂီသို့ရောက်နေသည့် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အဖျားတက်
05-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများထဲမှ လှိုင်သာယာမှ ဝေဘာဂီသို့ရောက်ရှိခဲ့သည့် လူနာတစ်ဦးသည် အဖျားတက်လာသဖြင့် စောင့်ကြည့်ကုသမှုများ ပြုလုပ်နေရသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်က သတင်းထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရာ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၉ ဦးအား စောင့်ကြည့်ကုသမှုများပေးနေရာ ၁ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိသည့် ဓါတ်ခွဲအဖြေထွက်ရာ ဆေးရုံမှဆင်းခွင့်ပေးခဲ့သည့်အတွက် သံသယလူနာ ၂ ဦးအပါအဝင် စုစုပေါင်း ၈ ဦးကို ဆက်လက်စောင့်ကြည့်ကုသမှုများပြုလုပ်နေသည်ဟု ၎င်းဝန်ကြီးဌာက ထုတ်ပြန်ထားသည်။

သံသယလူနာ၂ ဦးထဲမှ ဖေဖော်ဝါရီ ၃ ရက်က လှိုင်သာယာပြည်သူ့ဆေးရုံမှ ဝေဘာဂီဆေးရုံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသား အသက် ၃၂ အရွယ် အမျိုးသားတစ်ဦးမှာ အဖျားတက်လာသည့်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည်ဟု ထုန်ပြန်ချက်တွင်ပါရှိသည်။

အလားတူ လွိုင်ကော်၊ ကျိုင်းတုံ၊ နမ္မတူ၊ မင်းပြား၊ နေပြည်တော်၊ တောင်ကြီးမြို့ပြည်သူ့ဆေးရုံးများတွင် ကုသစောင့်ကြည့်နေသည့်လူနာများအပါအဝင် ဝူဟန်မြို့မှ မန္တလေးသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာကျောင်းသားကျောင်းသူ ၅၉ ဦးတို့မှာ ကျန်းမာရေးတိုးတက်မှု၊ ကောင်းမွန်မှုများရှိနေသည်ဟု အဆိုပါဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုနှင့် တိုင်းဒေသကြီးပြည်နယ် ၄ ခုမှ မြို့နယ် ၁၀ မြို့နယ်ရှိ တရားဝင်နယ်စပ်ဝင်ထွက်ပေါက် ၂၀ တွင် ဝင်ထွက်သွားလာနေမှုများကို စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေသလို သံသယလူနာများနှင့် အနီးကပ်ထိတွေ့ဆုံဆက်ဆံဖူးသူများကို ထောက်လှမ်းကာ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများကို ပြုလုပ်နေသည်။

S-09