News

POST TYPE

NEWS

ရထားလက်မှတ်များကို အွန်လိုင်းမှ ရောင်းချနိုင်ခြင်းမရှိသေးဟု ဒုဝန်ကြီးပြော
27-Jan-2020
ရန်ကုန် ဇန်နဝါရီ ၂၇

မြန်မာ့မီးရထားတွင် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သော Network Server မရှိသေးသည့်အတွက် ရထားလက်မှတ်များကို အွန်လိုင်းဝယ်ယူသည့်စနစ်ကို ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးဆုံးမည် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် ဝယ်ယူနိုင်မည်ဟု ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းကပြုလုပ်သော ပြည်သူလွှတ်တော်အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုးက မီးရထားလက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများလွယ်ကူစွာ အထက်ပါအတိုင်း ပြည်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး၏ ဖြေကြားချက်များတွင် “မြန့်မာမီးရထားအနေနဲ့ လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်မယ့် Network Server မရှိတဲ့အတွက် အွန်လိုင်းလက်မှတ်ရောင်းချမှုစနစ်ကို မဆောင်ရွက်နိုင်သေးပေမဲ့လည်း “ ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စီမံကိန်(အဆင့် ၂) လုပ်ငန်းများ ပြီးဆုံးမယ် ၂၀၂၃- ၂၀၂၄ တွင် ရထားလက်မှတ်များကို ပြည်သူများသို့ အွန်းလိုင်းမှ ရောင်းချပေးနိုင်မှာဖြစ်ပါတယ်….” ဟု ပါရှိသည်။ 

ဒုဝန်ကြီးက ရထားလက်မှတ်ဝယ်ယူမည့်ခရီးသည်များအတွက် အချိန်နှင့်တပြေးညီ မျက်မြင်သိရှိနိုင်မည့် Roster imformation system ကို အသုံးပြုပြီး လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်အောင် လက်မှတ်ရောင်းချမှုစနစ်ကို ပြောင်းလဲနိုင်ရေးစီစဉ်လျက်ရှိပြီး လက်ရှိခရီးသည်ဝန်ဆောင်မှုကို မြှင့်တင်ရန်အတွက် ကြိုတင်လက်မှတ်မှာယူတဲ့စနစ် Ticket resercvation စနစ်နဲ့ ခရီးသည်ပြန်ကြားရေး Passenger information စနစ်များတပ်ဆင်ခြင်းလုပ်ငန်းများ ပါရှိကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

မြန်မာမီးရထားလက်မှတ်များ အွန်းလိုင်းမှ ရောင်းချပေးခြင်းကို ၂၀၂၃ - ၂၀၂၄ မှ ဆောင်ရွက်နိုင်မည်ဆိုသောလည်း ပုဂ္ဂိုလိဂ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ၏ လက်မှတ်အများစုကို ၂၀၁၇ ခုနစ်ဝန်းကျင်းမှ စတင်၍ အွန်လိုင်းမှ ရောင်းချပေးလျက်ရှိသည်။