News

POST TYPE

NEWS

အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးဝှေ့တင်း ပြန်လွတ်
21-Jan-2020


ကလေး ဇန်နဝါရီ ၂၁

ချင်းပြည်နယ် ပလက်ဝြမို့နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးဝှေ့တင်း ကို အေအေလက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးထားခဲ့ရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့
၏ ထုတ်ပြန်ချက်အရသိရသည်။

၄င်းကို ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း က ပလက်ဝြမို့နှင့် ကျောက်တော်မြို့အကြား တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ယင်းသို့ ဖမ်းဆီးပြီးနောက် ၃ လခန့် အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

"လွတ်လာပြီ။သူ့ကို သွားခေါ်နေကြပြီ။မကြာခင် ပလက်၀ကို ရောက်လာပါတော့မယ်" ဟု ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဌ ဦးကျော်ငြိမ်း က ပြောသည်။

ရခိုင်နှင့် ခူမီးတို့၏ သမိုင်း သည် ခွဲခြား၍ မရနိုင်ဘဲ ရခိုင်ဘိုးဘွားပိုင်နယ်မြေများအတွင်း မိမိတို့သည် နှစ်ပေါင်းထောင်ချီ ငြိမ်းချမ်းစွာ ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြသည်မှာ သမိုင်းသက်သေ အမှန်တရား တစ်ခု ဖြစ်သည်။ခမီး နှင့် ခူမီးဟူသည် စာလုံးပေါင်းကွဲပြားသော်လည်း တစ်မိတည်းဖွားညီအစ်ကို သဖွယ်ပင်ဖြစ်ကြောင်း အမျိုးသာလွှတ်တော်အမတ် ဦးဝှေ့တင်း ကို မလွဲမရှောင်သာသော အခြေအနေ တစ်ခုအောက်တွင် ခေတ္တယာယီထိန်းသိမ်းထားရခြင်း ဖြစ်ကြောင်း ရခိုင်နှင့် ခူမီး အမျိုးသားများအကြားတွင် အပြန်အလှန် နားလည်မှုများ ယုံကြည်မှုမျာ အပြင် တူယှဉ်တွဲ နေထိုင်ခဲ့ကြသူများ ဖြစ်သည့် အလျောက် ညီရင်းအစ်ကို ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပြီး မိမိတို့ အချင်းချင်း
ကြားတွင် ဖြတ်သန်းရမည့် ရေရှည်ခရီးကို ထောက်၍ ပြန်လည်သင့်မြတ်လိုသော သဘောထားဆန္ဒရှိသောကြောင့် ဦးဝှေ့တင်း အား ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပလက်ဝြမို့နယ် ၏ လုံခြုံပြီး အန္တရာယ်ကင်းသော နေရာတစ်ခု ၌ ကောင်းမွန်
စွာ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ပါသည် ဟု ရခိုင်တပ်မတော် မှ ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ပြန်လွှတ်ပေးလိုက်သည်နှင့် ပတ်သက်၍ ဦးဝှေ့တင်း ၏ အမျိုးသမီး ဖြစ်သူ ကို ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

R20