News

POST TYPE

NEWS

YBS ယာဉ်မောင်းအား ဓားနဲ့ခုတ်သူ ၃ ဦးကို တစ်လနီးပါကြာသည်အထိ ဖမ်းမမိသေး
21-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၁

အင်းစိန်မြိုနယ်၊ ပေါ်က်တောဝ မှတ်တိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က YBS ယာဉ်မောင်းအား အမည်းမသိအမျိုးသား ၃ ဦးမှ ဓားနဲ့ခုတ်၊ဆန်ထိုးပိုက်ဖြင့်ထိုးခဲ့သူ အမည်မသိ အမျိုးသား ၃ ဦးအား လက်ရှိချိန်ထိ မဖမ်းမိသေးကြောင်း အင်းစိန်မြိုမရဲစခန်းမှ သိရသည်။

ထိုအခင်းဖြစ်ပွားသည့် CCTV မှတ်တမ်းသည် ပြီးခဲ့သည့်ရက်ပိုင်အတွင်းက လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံလျက်ရှိပြီး ပြစ်မှုကျူးလွန်သူတို့၏ မျက်နှာများလည်း ပါရှိသည်ကို တွေ့ရသည်။

“ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းမိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု အမှုစစ်ရဲအုပ်ရဲဝင်းထွန်းက ပြောသည်။

YBS ၆၁ ယာဉ်မောင်းသူ ကိုကြည်ခိုင်အား အမည်မသိအမျိုးသား ၃ ဦးတက်လာပြီး ဓားဖြင့်ခုတ် ဆန်ထိုးပိုက်ဖြင့်ထိုးခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပိုဆောင်ကုသခဲ့ရာ လက်မခံသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ရောက်မှသာ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ အင်းစိန်ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်း အင်စိန်မြို့မရဲစခန်းမှ သိရသည်။

အခင်ဖြစ်ပွားရာနေ့တွင် ဒဏ်ရာများဖြင့်လဲကျနေသော ယာဉ်မောင်းအား အချိန်မီဆေးရုံပိုဆောင်နိုင်ရန် ဖုန်းဆက်အကြောင်းကြားလာသဖြင့် လူနာတင်ယာဉ်ဖြင့် သွားရောက်တင်ဆောင်ပြီး အင်းစိန်ဆေးရုံသို့ ပိုဆောင်ခဲ့သော်လည်း အခင်းဖြစ်ပွားသည့်ကိစွကိုမူ သိရှိခြင်းမရှိကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်းမှ ရုံးအုပ် ဦးစိုးက ပြောကြားသည်။

ယာဉ်မောင်းကိုကြည်ခိုင်အား ဓားဖြင့်ခုတ်၊ ဆန်ထိုးပိုက်နှင့်ထိုးခဲ့သူ အမည်မသိအမျိုးသား ၃ ဦးကို အင်းစိန်မြို့မ ရဲစခန်းမှ (ပ) အမှတ် ၉၅/၂၀၂၀ ပုဒ်မ ၃၂၅/၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

အေးချမ်းသူ