News

POST TYPE

NEWS

မန္တလေးစည်ပင်တိုးဂိတ်အဆောက်အအုံ ဖျက်ဆီးပြီး ဝန်ထမ်းများအား ရိုက်နက်သူ ၂၀ ဦးကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်
20-Jan-2020


မန္တလေး ဇန်နဝါရီ ၂၀

မန္တလေးမြို့ မြစ်ငယ်-ထုံးဘိုတိုးဂိတ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက စည်ပင်ဝန်ထမ်းများကို ရိုက်နှက်ခြင်း၊ အဆာက်အဦများအား ဖျက်ဆီးသူ ၂၀ ဦးကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်းမြစ်ငယ်ရဲစခန်းထံမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် တိုးဂိတ်အဆောက်အအုံကို ဖျက်ဆီးခြင်း၊ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများကို ဒဏ်ရာရရှိစေရန်ပြုလုပ်ခြင်း၊ နိုင်ငံပိုငါငွေများကို လုယက်ခြင်းများပြုလုပ်သူများကို သက်ဆိုင်ရာနယ်မြေရဲစခန်း၌ လအမှုဖွင့်အရေးယူထားကြောင်း မန္တလေးမြို့တော်စည်ပင်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားသည်။

ယင်းတိုးဂိတ်တွင် ညနေ ၅ နာရီ ၄ မိနစ်ခန့်က မြစ်ငယ်ဘက်မှ အလှူလည့်ရာတွင် ပါဝင်သည့် ထောလာဂျီယာဉ်ပေါ်၌ အမည်မသိ (၃) ဦးပါလာပြီး ယာဉ်မဝင်ရသည့်နေရာသို့ ဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ဝန်ထမ်းများမှ ပြောဆိုရာ ၎င်းထော်လာဂျီပေါ်ပါသူများက ဝန်ထမ်းများအား လိုက်လံတိုက်ခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူက တာဝန်ကျဝန်ထမ်းများအား အော်ဟစ်ဆဲဆိုသဖြင့် ဝန်ထမ်းမှစည်ပင်ရဲ ခေါ်ရှင်းပေးမည်ဟု ပြောဆိုနေစဉ် တော်လာဂျီယာဉ်မောင်းမှ ဘေးတွင်အလှူပွဲ လှည့်လည်နေသော ရှားတောကျေးရွာသားများအား ဖုန်းဆက်ခေါ်၍ လူများရောက်ရှိလာကြပြီး ဝန်ထမ်းများနှင့် အဆောက်အဦများအား တုတ်တို့ဖြင့်ဝင်ရောက် ရိုက်နှက်ဖျက်စီးခဲ့ကြောင်း၊ ၎င်းအပြင် တာဝန်ချိန်းရန် ပိုက်ဆံပုံးကိုင်ပြီးပြန်လာသော ဝန်ထမ်းထံမှ ပိုက်ဆံပုံးအား ရိုက်ခွဲ၍ ကားလမ်းပေါ်သို့ ပြန့်ကျဲပြီး တစ်ချို့တစ်ဝက်အား ရွာသားများမှ ယူဆောင်သွားကြောင်း၊ ဝန်ထမ်းများမှ ရုံးခန်းတောင်ဘက်ရှိ အိမ်အနီးသို့ ထွက်ပြေးစဉ် ရွာသားများမှ လိုက်လံထိုးကြိတ်ရိုက်နှက်သဖြင့် စည်ပင်ဝန်ထမ်း (၁၂) ဦးတို့ နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းအပြင် တိုးဂိတ်ရှိ အဆောက်အအုံမှန်များ၊ အမှိက်ပုံများ အစရှိသည့် ပစ္စည်းများ ပျက်စီးသဖြင့် ငွေကျပ် ၃၈၈၀၀၀၊ ပိုက်ဆံပုံးအတွင်းမှ ငွေကျပ် ၁၀၄၇၀၀ ကျပ် ဆုံးရှုံးခဲ့ကြောင်းသည်။

တိုးဂိတ်ဖျက်ဆီးခံရပြီး တာဝန်ကျဝန်ထမ်းများ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာနေ မိုးမင်းအပါအဝင် ၂၀ ဦးကို အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းတွင် (ပ) ၃၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၃၂၊ ၄၄၀၊ ၁၁၄ တို့အရ အမှုဖွင့် အရေးယူထားကြောင်းမြစ်ငယ်ရဲစခန်းထံမှ သိရသည်။ 

မန္တလေးမြို့အဝင် မြစ်ငယ်-ထုံးဘိုတိုးဂိတ်သည် အမရပူရမြို့နယ် ရှားတောလေးကျေးရွာအနီး မန္တလေး-ရန်ကုန်ကားလမ်းအနီးတည်ရှိပြီး ယာဉ်ရှုပ်ထွေးမှုအများဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

M-01