News

POST TYPE

NEWS

ဒေါပုံတွင် တိုက်ခန်းအတွင်း အမျိုးသမီးတစ်ဦး အသတ်ခံရ
14-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ ပထမထပ်တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီးတစ်ဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာထဲမှ ရွှေထည်ပစ္စည်းများနှင့် ငွေများ ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က အပြင်မှ နေအိမ်တိုက်ခန်းသို့ ပြန်လာစဉ် အိပ်ခန်းအတွင်း၌ ဇနီးဖြစ်သူမှာ လည်ပင်းထိုးသွင်းဒဏ်ရာ၊ နားရွက်နှင့် လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ယင်းအိပ်ခန်းအတွင်းရှိ မီးခံသေတ္တာ အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၆၀ မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိခဲ့သည်။

အဆိုပါ လူသတ်လုယက်မှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် ဒေါပုံမြို့မ ရဲစခန်းမှ (ပ)၉၂၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S -03)



  • VIA