News

POST TYPE

NEWS

PRO CAP စက်ရုံ အလုပ်ရှင်၊အလုပ်သမား ပြသနာပြေလည်မှု ရရှိ
07-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၊၇

အလုပ်သမားတစ်ဦးကို အလုပ်ထုတ်ရာမှ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သော PRO CAP  ဦးထုပ်စက်ရုံ အလုပ်ရှင်၊အလုပ်သမား ပြသနာမှာ ပြေလည်မှုရရှိပြီး အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ကြပြီဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

လှိုင်သာယာမြိုနယ်၊စက်မှုဇုန်(၁)၊ ဦးအောင်သူလမ်းရှိ PRO CAP  ဦးထုပ်စက်ရုံတွင် နိုဝင်ဘာ ၂၈ ရက်က စက်ရုံအတွင်း စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၃၀ရက်တွင် အလုပ်သမားတစ်ဦးအား အလုပ်ထုတ်ခဲ့သဖြင့် ဒီဇင်ဘာ ၂ ရက် တွင် အလုပ်သမား ၅၀ဦးမှ စတင်ဆန္ဒပြခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်ကိုအောင်ထက်က ပြောသည်။

အလုပ်သမား ၅၀ ကျော်သည် ဒီဇင်ဘာ ၂ ရက်မှစတင်ကာ အလုပ်သမားအခွင့်အရေး ၂၈ ချက်ကိုစတင်တောင်းဆိုခဲ့ ပြီး အလုပ်ရှင်မှပြန်လည်ဖြေရှင်းခြင်းမရှိသည့်အတွက် အလုပ်သမားခေါင်းဆောင် ၇ ဦးတို့သည် မြို့နယ်ညိုနှိုင်းဖျန်ဖြေရေးအ ဖွဲ့ရုံးသို့ တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင် ဖြေရှင်းခဲ့သော်လည်းပြေလည်မှုမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ 
ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်တွင် ထပ်မံညှိုနှိုင်းခဲ့ပြီးမှ ပြေလည်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးဖြစ်သည့် မသင်းသင်းဆွေက ပြောသည်။ 

“တောင်းဆိုချက် ၂၈ ချက်လုံးရပါတယ် အလုပ်ရှင်နဲ့လည်း စာချုပ်ချုပ်ပြီးသွားပြီ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်နေ ပြီ” ဟု ၎င်းကဆိုသည်။

PRO CAP  ဦးထုပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမား ပြသာနာအား ဒီဇင်ဘာ ၅ ရက်တွင် မြိုနယ်ညိုနှိုင်းဖျန်ဖြေရေးရုံး၌ ဖြေ ရှင်းခဲ့ရာ အလုပ်သမားများဘက်မှ တောင်းဆိုချက် ၂၈ ချက်ကို အလုပ်ရှင်မှ လိုက်လျောခဲပြီး အလုပ်ရှင်၊ အလုပ်သမားသ ဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ရာ အဆင်ပြေမှုရရှိခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ (ALR) မှ ကိုချမ်းမြေ့က ပြောသည်။

အေးချမ်းသူ
 



  • VIA