News

POST TYPE

NEWS

ကျိုက်မရောတွင် မူးယစ်ဆေးဝါးသွားဖမ်းသည့် ရဲတပ်ဖွဲ့အပြန်တွင် ပစ်ခတ်ခံရ
07-Dec-2019

မော်လမြိုင်၊ ဒီဇင်ဘာ ၇

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင် မူးယစ်တပ်ဖွဲ့စု (၃၈)မှ မူးယစ်ဆေးသွားရောက် ဖမ်းစီးရာမှ အပြန်တွင် တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြစ် ပစ်ခတ်ခံရခဲ့ရကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ထိုမူးယစ်ဆေးဝါးဖမ်းစီးမှုပြသနာမှာ လက်နက်ကိုင်တစ်ဖွဲ့ တစ်ခုခုနှင့် ပတ်သက်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

“ပစ်ခတ်မှုမှာ ပြန်ကြည့်မယ်ဆိုရင် လက်နက်ကိုင်တစ်ခုခုနဲ့ ပတ်သက်နေတယ်လို ယူဆရပါတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်၍ ကိုယ်တောင်မေးခွန်းထုတ်ချင်ပါသေးတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းအများ အနေနဲ့ ပါဝင်ပတ်သက်နေသလားဆိုတာကိုပါ၊ ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြစ် ပတ်သက်လား မပတ်သက်လားဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သိသွားမှာပဲ၊ ဒီလိုလုပ်လိုက်ခြင်းအားဖြစ်လည်း ပတ်သက်နေတယ်ဆိုတာကို သက်သေပြတယ်လို့လည်း ပြောလို့ရပါတယ်၊” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်မှာ မော်လမြိုင်မူးယစ်တပ်ဖွဲစု (၃၈)မှ ဒုရဲမှူးစောမိုးအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးတို့မှ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အအတူ ကျိုက်မရောမြို့ မုဆိုးကျွန်းကျေးရွာနေ မရဟီမာဘီ (၃၈) နှစ် (ဘ) ဦးရှဖီးနှင့် တူမဖြစ်သူ မတင်တင်မြင့်(ခ)ရိုစနာဘီ (၂၂) နှစ် (ဘ) ဦးမူစီရာ နှစ်ဦးတို့မှာ ၎င်းတို့ နေအိမ်တွင် WY စာတန်းပါ ပန်းရော စိတ်ကြွရူးသွပ်ဆေးပြား (၁၅၄၀) ပြား၊ ငွေစက္ကူရောရာ ကျပ် ၂၀၅၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပြီးအပြန် ကျေးရွာအထွက်လမ်း ညာဘက်ဘေးတောစပ်မှ ပြောက်ကျားယူနီဖောင်းဝတ်ဖြစ် အမျိုးသားတစ်ဦး နောက်မှလိုက်လာကာ သေနပ်ဖြစ် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ မှတ်တမ်းများအရ သိရသည်။

“၂ ကြိမ်ပစ်တယ်လို့တော့ သိတယ် ပထမတစ်ကြိမ်မှာပစ်တယ်၊ ပစ်တဲ့အချိန်မှာ လမ်းကလယ်ကွင်းကို ဖြတ်ထားတော့ ပစ်ကွင်းမြင်ကွင်က ကောင်းတယ်၊ အဲဒီအချိန်မှာ မထိဘူး ရှောင်လိုက်နိုင်တယ်၊ နောက်တစ်ခေါက်ထပ်ပစ်တာက ရွာထဲက ဆိုင်ကယ်တစ်စီးထွက်လာတယ်အရပ်သားနဲ့ အဲဒီဆိုင်ကယ် ကပ်လိုက်တဲ့ အချိန်မှာ နောက်ထပ် ၆ ချက် ၇ ချက်လောက် ပစ်တယ်၊ မီတာ ၁၀၀ ကျော်ကျော်လောက်ကနေ ပစ်တဲ့အနေအထားပေါ့ ယူနီဖောင်က ပြောက်ကျားနဲ့လို့ အကြမ်းပြင် သိရတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် မူးယစ်တပ်ဖွဲစုမှ ရဲတပ်ကြပ်ကြီး ရန်နိုင်မြင့်တွင် ယာဘက်နားနောက် ကျည်ဆန်းရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲတပ်ကြပ်ကြီး ရန်နိုင်မြင့်ကို မော်လမြိုင်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားရကြောင်း၊ လက်ရှိတွင် ဒဏ်ရာတပ်ကြပ်ကြီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း၊ ပစ်ခတ်သူမှာ ထွက်ပြေးသွားခဲ့သည့်အတွက် လိုက်လံဖမ်းစီးမှု ပြုလုပ်လျှက်ရှိကြောင်း ကျိုက်မရောမြို့မရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါနှင့်ပတ်သက်၍ မိမိတို့ ရဲတပ်ဖွဲ့အနေနှင့် ဖမ်းစီးရမည့်တာဝန်၊ တားစီးရမည့် တာဝန်ရှိကြောင်း၊ ထိုအပြင် ထိုကျေးရွာများတွင်လည်း တရားဥပဒေစိုးမိုးမှု အားနည်းနေသည့် ဒေသဖြစ်ကြောင်း၊ လက်ရှိမူးယစ်ဆေးဝါးအမှုဖြစ် ဖမ်းစီးခံထားသည့် အမျိုးသမီးနှစ်ဦးနှင့်ပတ်သက်၍လည်း ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းနှင့် သေနတ်ဖြစ် ပစ်ခတ်သူကိုလည်း ဆက်လက်ရှာဖွေလျှက်ရှိကြောင်း ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ဖမ်းစီးခံရသည့် မူးယစ်ဆေးဝါ ရောင်ဝယ်သည့် အမျိုးသမီးနှစ်ဦးဖြစ်သည့် မရဟီမာဘီနှင့် ၎င်း၏ တူမ မတင်တင်မြင့် တို့ကို မူးယစ် (ပ) ၂၈/၂၀၁၉ ၊ မူးစိတ်ပြောင်း၊ ဥပဒေပုဒ်မ ၁၉(က)/၂၀ (က)/၂၁ တို့ဖြစ် အမှုဖွင့်ထားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သွားသူကိုလည်း (ပ) ၂၄၉၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၃၀၇/၃၃၃ အရ ကျိုက်မရောမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ကျိုက်မရောမြို့မရဲစခန်းမှ သိရသည်။

ခတ္တာနွန်



  • VIA