News

POST TYPE

NEWS

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခဲ့သည့် ရဟန်းကို ထောင် ၂ နှစ် ချမှတ်
21-Nov-2019
ကလေး၊ နိုဝင်ဘာ ၂၁

ကနီမြို့နယ် ကျွန်းဖျားကျေးရွာတွင် နေထိုင်သည့် မိန်းကလေးငယ်ကို မုန့်ဖိုးပေးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခဲ့သည့် ကျွန်းဖျားရွာ ကျောင်းထိုင်ဘုန်းကြီး ဦးစန္ဒာဝရကို ယင်းမာပင်ခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း မိန်းကလေးဖက်မှ လိုက်ပါကူညီပေးနေသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကနီ) မြို့မှ ဦးဝင်းဇော်ခိုင်က ပြောသည်။

ကျွန်းဖျားရွာရှိ မူလတန်းကျောင်းတွင် တက်ရောက်နေသည့် မ .... (၈) နှစ်ကို စာသင်ကျောင်းနှင့်ကပ်လျက်ရှိ ရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဦးစန္ဒာဝရက မုန့်ကျွေးမည်ဟုဆိုကာ ခေါ်ဆောင်ကာ မုန့်ဖိုး နှစ်ရာကျပ်ပေးပြီး ကားတွန်းပြကာ မ ... ၏ မိန်းမအင်္ဂါကို လက်ဖြင့်ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီသူများထံမှ သိရသည်။

ယင်းသို့ ဖြစ်ပွားခဲ့သောကြောင့် ၈၈ မျိုးဆက်ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကနီ) မြို့မှ ဦးဝင်းဇော်ခိုင်တို့က သိရှိပြီး မိန်းကလေးဖက်မှ လိုက်လံကူညီကာ ကနီမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ်မှ စတင်ရင်ဆိုင်နေခဲ့သည့် အမှုဖြစ်သည်။

ယင်းသို့ အမှုဖွင့်ပြီး တရားရုံးတွင် ရင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ယင်းမာပင်ခရိုင်တရားရုံးက ကျောင်းထိုင်ဘုန်းကြီး ဦးစန္ဒာဝရကို ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမိန့်ချသည့်နေရာသို့ သွားရောက်နားထောင်ခဲ့သည့် ဦးဝင်းဇော်ခိုင်က ပြောကြားသည်။

R-20