News

POST TYPE

NEWS

HUAWEI မှ HUAWEI Mobile Services ပါဝင်သည့် “HUAWEI Mate 30 Pro” စမတ်ဖုန်းနှင့် What is HMS ဆိုသည့် Workshop အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
20-Nov-2019


ရန်ကုန်၊ နိုဝင်ဘာလ ၁၉

ယနေ့ HUAWEI သည် ထူးခြားဆန်းသစ် ဖန်တီးထားသော HUAWEI Mate 30 Pro ကို Exclusive ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။

ထူးခြားဆန်းသစ်သော ဒီဇိုင်းပုံစံ၊ မြင့်မားစံတင်ထားသော Hardware နည်းပညာနှင့် Software ကို အစရှိသည့် စိတ်ကူးသစ်တီထွင်မှုများဖြင့် HUAWEI Mate 30 Pro သည်  မိုဘိုင်းနည်းပညာဆိုင်ရာ  ဖော်ထုတ်မှု၏ အထွတ်အထိပ် တစ်ခု ဖြစ်လာပါသည်။ ထို့အပြင် HUAWEI Mate 30 Pro သည် HUAWEI Mobile Services (HMS) ကို ထည့်သွင်းထားသည့် ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းတစ်ခုဖြစ်လာခဲ့သည်။ ဆက်သွယ်ရေးနည်းပညာများတွင် HUAWEI ၏ ၃၂ နှစ်ကြာအတွေ့အကြုံများကို အခြေပြုပြီး ဒီဇိုင်း စိတ်ကူးသစ်ဖြင့် ပုံဖော်ခဲ့ပြီး HUAWEI Mate 30 Pro သည် အခြားမည်သည့် စမတ်ဖုန်းနှင့်မျှ မတူပဲ သာလွန်ကောင်းမွန်သည့်  ဆောင်ရွက်မှုများကို ပေးပါသည်။ ၎င်း၏ပေါ်လွင်ထင်ရှားသော OLED HUAWEI  Horizon Display ကို Kirin 990 SoL Chip ဖြင့် ပေါင်းစည်းလိုက်သောအခါ ဖုန်းတစ်လုံး၏  ဆောင်ရွက်လုပ်ကိုင်မှု နှင့် စွမ်းဆောင်ရည်  ပြည့်ဝမှုတို့ကို HUAWEI Mate 30 Pro မှ အထိရောက်ဆုံး ဖန်တီးပေးထားပါသည်။

HUAWEI Mate 30 Pro ၏ Quad Camera တွင် အံ့သြဖွယ်ကောင်းသည့် ဗွီဒီယိုပုံစံရလာဒ်များအတွက် ဒီဇိုင်းပုံဖော် ထားသော SuperSensing Cine Camera (အဆင့်မြင့်အာရုံခံ ရုပ်ရှင်ကင်မရာ) Dual Main Camera System ထည့်သွင်းပါရှိပါသည်။ HUAWEI Super Charge နှင့် EMUI10 တို့က ပိုမိုတာရှည်ခံသည့် ဓာတ်ခဲသက်တမ်းကို ဖန်တီးပေးပြီး အချိန်အကြာကြီး ဖုန်းအသုံးပြုသူများကို သာလွန်ကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

HUAWEI Technologies (Device) ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်း ကလည်း “HUAWEI Mate 30 Pro ဟာ အကောင်းဆုံး Hardware ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး software ပိုင်းမှာလည်း HMS နဲ့ လာတာဖြစ်တဲ့ အတွက် သုံးစွဲသူတွေကို အရင်ကနဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်ပါမယ်။ ဒါ့အပြင် ကင်မရာစံနှုန်းစံထားပိုင်းမှာလည်း ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့ အတိုင်း ဓာတ်ပုံရိုက်ကူးမှု သာမက ဗီဒီယို ရိုက်ကူးမှုကိုပါ ဘာနဲ့မှ မတူတဲ့ အတွေ့အကြုံသစ်ကို ခံစားရရှိစေမှာပါ” လို့ပြောကြားခဲ့သည်။



Rethink Design - အနာဂတ်ဆန်သည့် အိုင်ကွန်နစ် လက်ကိုင်ဖုန်း

HUAWEI Mate 30 Pro ကို HUAWEI Mate 20 Series ၏ အားသာချက်များအပေါ် အမှီပြုပြီး အနာဂတ်ဆန်သည့် ဒီဇိုင်း ဖြင့် ပြုလုပ် ဖန်တီးထားခြင်းဖြစ်ပါသည်။ အပါးလွှာဆုံးသော Bezels များနှင့် Ultra-narrow Notch Design ဖြင့် HUAWEI Mate 30 Pro သည် HUAWEI Horizon Display ကို ဖန်တီးပေးထားပါသည်။ နံဘေးဘက်ရှိ အသံခလုတ်များကို မမြင်နိုင်သည့် Virtual Keys များဖြင့် အစားထိုး ဖန်တီးပေးထားပြီး ဖုန်း၏ မည်သည့်ဖက်တွင်မဆို ၎င်း Virtual Keys များကို လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ HUAWEI 3D Face Unlock နှင့် In-Screen Fingerprint များဖြင့် လုံခြုံစိတ်ချပြီး အဆင်ပြေချောမွေ့စေမှုများကို ဖန်တီးပေးပါသည်။

ဖုန်း၏ အနောက်ဘက်တွင်ရှိသည့် Quad Camera System သည် ထူးခြားဆန်းသစ်သော “စက်ဝိုင်း” ဒီဇိုင်း၊ Metallic ‘Halo” ဖြင့် ဝန်းရံထားသည့် ဒီဇိုင်းဖြစ်ပြီး ကြည့်လိုက်သည်နှင့် အမြင်မတူပဲ တစ်မူထူးခြားလှပသော ခံစားချက်ကို ပေးစွမ်းနိုင်ပါသည်။ DSLR ကင်မရာ၏ ဒီဇိုင်းအပေါ် အခြေခံထားပြီး လွယ်ကူပေါ့ပါးစွာ ကိုင်ထားနိုင်သည့် အတွက် HUAWEI Mate 30 Pro သည် ၎င်း၏ သုံးစွဲသူကို လူပုံအလယ်မှာ မျက်နှာပန်း လှစေမည် ဖြစ်ပါသည်။ HUAWEI Mate 30 Pro သည် ၎င်း၏ HUAWEI Acoustic Display နည်းပညာဖြင့် သာမန်ဖုန်းများထက် အရည်အသွေးမြင့်မားသောအသံကို ပေးစွမ်းနိုင်ပါသည်။

Rethink Photography and Videography – အံ့သြဖွယ်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖန်တီးဖို့အတွက် SuperSensing Cine Camera (အဆင့်မြင့် အာရုံခံရုပ်ရှင်ကင်မရာ)

HUAWEI Mate 30 Pro ကို အဆင့်မြင့် အာရုံခံကင်မရာ (၃) လုံးဖြစ်သည့် 40 MP Super Sensing Camera, 16MP Ultra Wide-angle Camera (မြင်ကွင်းကျယ်ကင်မရာ) နှင့် 8MP Telephoto Camera တို့ဖြင့် တပ်ဆင်ထားပါသည်။ ISP 5.0 Image Signal Processor ဖြင့် HUAWEI Mate 30 Pro သည် အသုံးပြုသူများကို မြင့်မားသည့် အရည်အသွေးဓါတ်ပုံများနှင့် ဗွီဒီယိုများဖြင့် ရယူနိုင်မှုကိုပေးပါသည်။

HUAWEI Mate 30 ၏ ထူးခြားဆန်းသစ်သော Quad ကင်မရာစနစ်ကို 40 MP Cine Camera 40 MP SuperSensing Camera, 8MP Telephoto Camera နှင့် 30 Depth Sensing Camera တို့ဖြင့်  ပေါင်းစပ် ဖန်တီးပေးထားပါသည်။ SuperSensing Camera (အဆင့်မြင့်အာရုံခံကင်မရာ) သည် မြင့်မားသည့် အစွမ်းရှိသည့် ကင်မရာ များကိုပင် ယှဉ်ပြီး အံ့သြလောက်ဖွယ်ကောင်းသည့် ဓါတ်ပုံများကိုရိုက်နိုင်ရန် ဖန်တီးထားသည့် ကင်မရာဖြစ်ပါသည်။ Cine Camera သည် ၎င်း၏ 1/1.54 လက်မထိ ကြီးမားသော Sensor Size ဖြင့် အမြင့်ဆုံးသော 51200 ISO ဗွီဒီယိုကို ဖမ်းယူနိုင်ရန်  ဖော်ထုတ် ပေးထားပါသည်။ အင်အားပြည့်အတိုင်းအတာဖြင့် 4K/60 fps အပြင် အလွန်နှေးသည့် လှုပ်ရှားမှုကို အမြင့်ဆုံးသော 7680 fps တွင် ဖမ်းယူနိုင်ပါသည်။ ၎င်းသည် 4K Low-Light Ultra-wide time-lapse ဗီဒီယိုများကိုလည်း အထောက်အကူ ပေးပါသည်။ ထို့အပြင် Dual-Camera System ၏ ဒုတိယ ကင်မရာသည် 1/1.7 လက်မအရွယ်ရှိ HUAWEI SuperSensing Camera ဖြစ်ပြီး ၎င်းသည် Light Sensitivity ကို ISO409600 အထိ ရှိသည့်အတွက် အလင်းရောင်များကို သာမန်ထက် ၄၀%ပိုပြီး စုပ်ယူနိုင်သည့်အတွက် အလင်းနည်းသော အနေအထားများတွင်ပင် အံ့သြစရာ ကောင်းသည့် ရလာဒ်များကို ဖန်တီးပေးနိုင်ပါသည်။ ထို့ကြောင့် HUAWEI Mate 30 Pro သည် Low Light ပုံရိပ်များအတွက် အကောင်းဆုံးသော One-shot Device တစ်ခုဖြစ်လာခဲ့ပါသည်။

8MP HUAWEI Telephoto Camera က 3x optical 200m, 5x Hybrid 200m နှင့် 30x Digital Zoom အထိ ရနိုင်မှုများကို ထူးခြားသာလွန်စွာ ဖန်တီးပေးထားပါသည်။ Optical Image Stabilization (OIS) + AI Stabilization (OIS) + A1 Stabilization (AIS) နှင့် 3D Depth Sensing တို့၏ ပေါင်းစည်းမှုများသည် Huawei Mate 30 Pro အား စမတ်ဖုန်းဓာတ်ပုံနှင့် ဗီဒီယိုများအတွက် အကောင်းမွန်ဆုံးသော စမတ်ဖုန်း အဖြစ် စံချိန်တင်စေခဲ့ပါသည်။ ထို့အပြင် Front-Facing 3D Depth Sensing Camera သည် Pro-bokeh effects များဖြင့် အံ့သြဖွယ်လောက်အောင် လှပသည့် အသေးစိတ်သော Selfies နှင့် Portraits များကို ဖန်တီးပေးနိုင်ပါသည်။



Rethink Interaction - ပိုပြီးမြန်၊ ပိုပြီး စိတ်ချ၊ ပိုပြီး သာလွန်သော အတွေ့အကြုံ

HUAWEI Mate 30 Pro သည် အောက်ဖော်ပြပါအချက်များကို ထူးခြားသာလွန်စွာ ပေးအပ်နိုင်သော စဖတ်ဖုန်းတစ်ခုဖြစ်ပါသည်။ 
* EMUI10 Operating System သည် Contemporary Magazine Inspired Layout ကို တင်ဆက်ထားပြီး ၎င်းသည် Always-On-Display (AOD) ကြောင့် နေ့တစ်နေ့တာ၏ အချိန်ပေါ်မူတည်ပြီး Lock Screen အရောင်များ ပြောင်းလဲနိုင်ပါသည်။ 
* Dark Mode သည် ပိုပြီး သိသိသာသာ ချောမွေ့ကောင်းမွန်သည့် ဖုန်းမျက်နှာပြင်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ညရောင်လာသည့်အခါ သက်တောင့်သက်သာ ပိုရှိစေမှာဖြစ်ပါသည်။
* Intuitive Side-touch Interaction ကြောင့် ဖုန်း၏ ဘယ်ညာ ၂ဖက်စလုံးတွင် မမြင်ရသည့် Virtual Keys များပါဝင်သောကြောင့် အသံအတိုးအကျယ်များကို အဆင်ပြေစေမှာဖြစ်ပြီး ဂိမ်းကစားသည့်အခါတွင်ဖြစ်စေ၊ ကင်မရာအသုံးပြုသည့်အခါတွင်ဖြစ်စေ ပိုပြီး အဆင်ပြေစေမှာဖြစ်ပါသည်။
* AI Gesture Control ကြောင့် ဖုန်း၏ မျက်နှာပြင်ကို လက်ဖြင့်မထိပဲ AI Auto-Rotate ပြုလုပ်ခြင်း၊ AI Private View ကို အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
* HiCar Smart Travel ကြောင့် ကားတစ်စီး၏ ဆက်သွယ်ရေးနှင့်ဖျော်ဖြေရေး စနစ်များကို အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်ပါသည်။
* Multi-screen Collaboration သည် အသုံးပြုသူများ၏ ဒေတာများ လွှဲပြောင်းပေးခြင်း၊ ဖုန်း Screen များစွာကို HUAWEI ဖုန်းများကြား ထိန်းချုပ်နိုင်ပါသည်။
* HUAWEI 3D Face Unlock & In-Screen Fingerprint သည် အသုံးပြုသူများ၏ ဒေတာလုံခြုံရေးနှင့် Privacy ကို ကာကွယ်ပေးပါသည်။



Rethink Digital Life Experience – HUAWEI Mobile Services (HMS)

ယနေ့ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့သော HUAWEI Mate 30 Pro ကို HUAWEI သည် ပထမဦးဆုံး အနေနှင့် HUAWEI Mobile Services (HMS) ဖြင့် တွဲဖက်ပြီး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ HMS သည် ဒီဂျစ်တယ်လူနေမှုပုံစံတွေကို တစ်ဖန်ပြန်လည် ဆန်းသစ်စေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ စမတ်ဖုန်းသုံးစွဲသူများအား ပိုပြီး သာလွန်ကောင်းမွန်မြန်ဆန်သည့် “Seamless AI Digital Life Experience” ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။