News

POST TYPE

NEWS

မိုင်းယောင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခံရ
14-Oct-2019
ကျိုင်းတုံ၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဝမ်ထင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက် ၄ နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခံရကြောင်း မိုင်းယောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးရဲဝင်းနိုင်က ပြောကြားသည်။

“သေနတ်ဒဏ်ရာက တူမီးသေနတ်ဒဏ်ရာပါ။ မေးမြန်းစုံစမ်းချက်အရ လူမှားအပစ်ခံရတဲ့ ပုံစံပါ။ သွေးထွက်လွန်လို့ စိုးရိမ်ရတယ်ဆိုပြီး မိုင်းယောင်းဆေးရုံကနေ တာချီလိတ်ဆေးရုံ ပြောင်းရွှေ့သွားပြီး ကုသနေတယ်။ သူတို့က အမှုလာမဖွင့်ပေမယ့် စုံစမ်းသိရှိပြီး အမှုဖွင့်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဦးအိုက်လှကောင် (ခ) ဦးလာကွမ် (၆၀ နှစ်) သည် ရင်ဘတ်ယာဘက်ခြမ်း သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် (ပ) ၃၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇/၃၂၆ ဖြင့် အရေးယူထားပြီး တရားခံဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေကြောင်း မိုင်းယောင်းမြို့မရဲစခန်းထံမှ သိရသည်။

ရန်နိုင်





  • VIA