News

POST TYPE

NEWS

ဆီးရီးယားသူပုန်ထိန်းချုပ်နယ်မြေကိုထဲမှ ဆေးရုံလေးရုံကို ရုရှားစစ်လေယာဉ်များ ဗုံးကြဲခဲ့ဟုဆို
14-Oct-2019



ဒမတ်စကတ်၊ အောက်တိုဘာ ၁၄

ယခုနှစ်အတွင်း ဆီးရီးယားအစိုးရနှင့် မဟာမိတ်ပြုထားသော ရုရှား၏ တိုက်လေယာဉ်များက သူပုန်ထိန်းချုပ်ရာ နယ်မြေများထဲမှ ဆေးရုံလေးရုံကို ၁၂ နာရီကြာအချိန်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The New York Times သတင်းစာက ဖော်ပြထားသည်။

သက်သေများ၏ ထွက်ဆိုချက်များ၊ ရုရှားရေဒီယို အသံသွင်းမှုများ၊ လေယာဉ်ပျံသန်းမှု မှတ်တမ်းများကို ကိုးကား၍ မေလအတွင်းက တိုက်ခိုက်မှုသည် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို ထောက်ခံသည့် တပ်ဖွဲ့များ၏ ပြည်တွင်းစစ်အတွင်း ဆေးကုသရေး အဆောက်အအုံများကို ပစ်မှတ်ထားမှုအဖြစ် ရေးသားထားသည်။

မေလ ၅ ရက်နေ့က ဖြစ်ခဲ့သော တိုက်ခိုက်မှုကြောင့် ဟာယက်ခွဲစိတ်ဆေးရုံမှ ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆေးရုံအတွင်း ပိတ်မိကျန်ခဲ့သူများထဲတွင် နာဘက်ဒ် ဆိုသည့် ဝန်ထမ်းလည်း ပါဝင်ကြောင်း သတင်းစာက စုံစမ်းဖော်ထုတ် ရေးသားထားသည်။

ရုရှား မြေပြင် ထိန်းချုပ်ရေးသမားက လေယာဉ်မှူး ပိုက်လော့ထံသို့ ဆေးရုံ၏ တည်နေရာ အတိအကျ အမှတ်များကို ပေးပို့ခဲ့ကြောင်း သတင်းစာက ရေးသားဖော်ပြထားသည်။

လေယာဉ်ပေါ်မှ ပစ်မှတ်ရှာဖွေသူက အရပ်သားများကို သတိပေးသည့် အချိန်နှင့် မြေပြင်ကွပ်ကဲသူက ပစ်မိန့်ပေးသည့် အချိန်က တစ်ချိန်တည်းဖြစ်နေကာ အဆိုပါ ဧရိယာတွင် ရုရှားဂျက်တိုက်လေယာဉ် တစ်စင်းက ပျံဝဲလျက်ရှိသည်။

ပိုက်လော့က ဗုံးကို ကျဲချလိုက်ပြီဟု အစီရင်ခံခဲ့သည်။ ထိုကာလအတွင်း ဆေးရုံပေါ်သို့ ဗုံးများကျလာသည်ကို ဒေသခံ သတင်းစာဆရာများက မှတ်တမ်းများ ရရှိခဲ့သည်။ ဗုံးသုံးလုံးက ဆေးရုံအမိုးပေါ် ကျလာပြီး ပေါက်ကွဲသွားခဲ့သည်။

ကာဖာနာဘယ် ခွဲစိတ်ဆေးရုံသည် ပထမအခင်းဖြစ်ရာ နေရာနှင့် မိုင်အနည်းငယ် အဝေးတွင်ရှိပြီး အဆိုပါ နေရာကိုလည်း ဗုံးကျရောက်ခဲ့သည်။

နောက်ထပ်ဆေးရုံနှစ်ရုံကိုလည်း ၁၂ နာရီအတွင်းတွင် ဗုံးကျဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်ဟု မြေပြင် မျက်မြင်သက်သေများက ဖော်ပြထားသည်။

အဆိုပါ ဆေးရုံလေးခုလုံးသည် တိုက်ပွဲကာလ ပစ်ခတ်မှု ရှောင်ရှားရန် နေရာများအဖြစ် ကုလသမဂ္ဂ UN သို့ စာရင်းပေးထားသည့် နေရာဖြစ်သည်။

ယခုနှစ်အတွင်း တိုက်ခိုက်ခံရသည့် ဆေးရုံများသည် ကုလသမဂ္ဂအသိအမှတ်ပြု တိုက်ခိုက်မှု ရှောင်ရမည့် နေရာများဖြစ်သည်ဟု The New York Times က ရေးသားထားသည်။

F-02