News

POST TYPE

NEWS

ဦးနေမျိုးဇင်ကို ထောင်ဒဏ် တစ်နှစ် ချမှတ်
20-Sep-2019


တိုက်ကြီး၊ စက်တင်ဘာ ၂၀

တပ်မတော်က ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးက ယနေ့ (စက်တင်ဘာ ၂၀ ရက်) ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်သည်။

တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ဦးနေမျိုးဇင်သည် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ် ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့် သင်တန်းကျောင်း ဒုတိယဗိုလ်မှူးကြီးတိုးလင်းက ဧပြီလ ၃ ရက်နေ့တွင် တိုက်ကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားသော အမှုဖြစ်သည်။

ဦးနေမျိုးဇင်သည် ယင်းအမှုအတွက် တိုက်ကြီးမြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် တရားရင်ဆိုင်ပြီး အမိန့်ချလိုက်ပြီဖြစ်သော်လည်း ဝါးခယ်မနှင့် ခင်ဦးတို့တွင်လည်း ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်။




  • VIA