News

POST TYPE

NEWS

၀ငှးနှင့ှ ဇောအှရေး အာဆီယံနိုငငှံမှားမှ လကမှှတမှှားဖှင့ှ ထိုငှးဘုရငထှံ အသနားခံစာတငမှညှ
19-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၈

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် အာဆီယံအရပ်ဘက်အဖွဲ့များဖိုရမ်တွင် ကမ်ပိန်းပြုလုပ်ကာ ကောက်ယူရရှိထားသည့် လက်မှတ်များကို စက်တင်ဘာ ၂၀ ရက်တွင် ထိုင်းဘုရင်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်မြို့ရှိ Local Resourse Center အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အာဆီယံလူထုဖိုရမ်နှင့် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကိစ္စ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမီဒီယာများမေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ 

“လက်မှတ်တွေက ရပြီ။ ဒီစာက ရိုးရိုးစာမဟုတ်ဘူး ထိုင်းဘုရင်ကို ပို့ရမှာမို့လို ထီးသုံးနန်းသုံး ရှိတယ်။ အင်္ဂလိပ်လိုကတော့ပြီးသွားပြီ။ ထိုင်းကို ပို့မယ်ဆို ထီးသုံးနန်းသုံး စကားလုံးနဲ့ ပို့မှာဖြစ်တယ်။ ပို့တယ်ဆိုရင် ဒီကအကုန်လုံး အရပ်ဘက် အဖွဲ့အစည်းတွေ နာမည်နဲ့ ပို့မှာဖြစ်တယ်။ Copy ကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုပါ ပေးပို့သွားဖို့ရှိတယ်။ ဘာလို့ဆို သူတို့ကိုယ်တိုင် အသနားခံထားတာ ရှိတယ်။ အစိုးရပိုင်းကရော၊ ကာချူပ်ကရော တောင်းဆိုထားတာရှိတယ်”ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

အဆိုပါ ဖိုရမ်တွင် အပိုလှုပ်ရှားမှုအနေနှင့် ဝင်းနှင့်ဇော် အရေးကိစ္စကို တင်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကောက်ယူရရှိထားသည့် လက်မှတ်ပေါင်း ၁၅၀ နှင့် ထိုင်း အရပ်ဘက် အဖွဲ့အစည်းက ကောက်ယူရရှိထားသည့် လက်မှတ်ပေါင်း ၄၀၀ ကျော်တို့ဖြင့် တွဲပြီး ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဘုရင်မင်းမြတ်အနေနဲ့ မြန်မာတွေမို့ မြန်မာအတွက် တောင်းဆိုတာ မဟုတ်ဘဲ မြန်မာဖြစ်ပေမယ့် အာဆီယံ ဆယ်နိုင်ငံ ၁၁ နိုင်ငံအပြင် အိမ်ရှင် ထိုင်းနိုင်ငံကပါ တောင်းဆိုတာဖြစ်တော့ ပိုပြီးတော့ သူ့အနေနဲ့ စဉ်းစားဆင်ခြင်လာနိုင်မယ်လို့ ယူဆတယ်။ မြန်မာမို့လို တောင်းရင် လူမျိုးစွဲ သူ့လူမျိုးမို့ တောင်းတာ ဖြစ်လိမ့်မယ်။ ဒါက လူအခွင့်အရေး ကိစ္စ။ သူရဲ့ Legal Process မှာ လွှဲမှားနေတာဖြစ်တယ်။ ရဲကအတင်းအကျပ် ဝန်ခံခိုင်းခဲ့တာ ဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ဆုံးဖြတ်ချက်ချရင် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ ပြန်လည်သုံးသပ်စေလိုတာ ဖြစ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

အာဆီယံနိုင်ငံများမှ အရပ်ဘက် လူထုအဖွဲ့အစည်းများအနေနှင့် Asean People's Forum / Asean Civil Socirty Conference 2019 ၂၀၁၉ ခုနှစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဖိုရမ်ကို တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်များက ဖိုရမ်နှင့် ထိုင်းအစိုးရအကြား ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ထုတ်ပြန်ကြေညာချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

စိုင်းဟန် 



  • VIA