News

POST TYPE

NEWS

ချောက်တွင် ၁၀ နှစ်ကြာ ပိတ်ပင်ထားသော ဗလီဝတ်ပြုကျောင်း နှစ်ကျောင်းပြန်ဖွင့် ဝတ်ပြုခြင်းကို နှောက်ယှက်ပါက အရေးယူမည်
17-Sep-2019


ချောက်၊ စက်တင်ဘာလ ၁၇

မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ၁၀ နှစ်ကြာ ကန့်သတ်ပိတ်ပင်တားမြစ်ထားသော ဗလီဝတ်ပြုကျောင်း နှစ်ကျောင်းကို ဝတ်ပြုခွင့်ပြုခဲ့ပြီး အနှောက်အယှက်ပေးမှုရှိလျှင် ဥပဒေအရ အရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောကြားသည်။

ချောက်မြို့ အမှတ် ၉ ရပ်ကွက်၊ မြို့မဗလီ ဝတ်ပြုကျောင်းနှင့် အမှတ် ၁၁ ရပ်ကွက် မင်္ဂလာဂျာမေ့ ဗလီ ဝတ်ပြုကျောင်း နှစ်ကျောင်းတွင် မွတ်စလင်ဘာသာဝင်များ ဝင်ရောက်ဝတ်ပြုခွင့်ကိုယခင်က ပိတ်ပင်ထားသော်လည်း စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။

“ဗလီအတွင်း ဝတ်ပြုခြင်းကို ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ အနှောက်အယှက်ပေးသူများကို ဥပဒေဖြင့် အရေးယူမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

မွတ်စလင်ဘာသာဝင်များက အဆိုပါ ဗလီဝတ်ပြုကျောင်းများအတွင်း ဝင်ရောက်ဝတ်ပြုခွင့်ရှိသော်လည်း ပျက်စီးနေသော ဗလီကျောင်းများကို ပြန်လည်ပြုပြင်မွန်မံခြင်းကို ခွင့်ပြုမထားကြောင်း ဦးကျော်ဆွေဝင်းက ရှင်းပြသည်။

အဆိုပါ ဗလီဝတ်ပြုကျောင်း နှစ်ခုသည် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလက စလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဖြစ်ပွားသော ကိစ္စနှင့်ပတ်သက်ပြီး အဓိကရုဏ်ဖြစ်ပွား၍ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကန့်သတ်နယ်အဖြစ် တားမြစ်ပိတ်ပင်ထားခြင်းဖြစ်သည်။

R-24




  • VIA