News

POST TYPE

NEWS

သက်တမ်းရင့်ကုက္ကိုပင် နာရေးမဏ္ဍပ်ပ်ါလဲကျ လူ ၁၁ ဒဏ်ရာရ
17-Sep-2019



ဥက္ကံ၊ စက်တင်ဘာ ၁၇

တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စု၊ ဓတ်ချောင်းကျေးရွာတွင်စက်တင်ဘာ ၁၆ ရက်နေ့တွင် နာရေးအိမ်မဏ္ဍပ်ပေါ်ကို သက်တမ်းရင်ကုက္ကိုလ်ပင်လဲကျသဖြင့် ၁၁ ဦး ထိခိုက်ခဲ့ပြီး ၃ ဦးမှာ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ထားကြောင်း ကျွဲဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက ပြောသည်။



“မိုးကအဆက်မပြတ်ရွာတော့ သစ်ပင်ကအမြစ်ကနေ ကြွတက်ပြီး မဏ္ဍပ်ပေါ်ကို လဲကျသွားတာ။”ဟု ၄င်းက ဆိုသည်။

ဒဏ်ရာရရှိသူ (၁၁) ဦးမှာ သုံးဦးမှာ ခြေထောက်ကျိုးသည့်သူနှင့် ဦးခေါင်းဒဏ်ရာသူ ၃ ဦးကို ရန်ကုန်ပို့ထားပြီး ကျန်တဲ့ ၈ ဦးကို ဥက္ကံတိုက်နယ်ဆေးရုံတွင် တင်ထားရသည်။

R-19