News

POST TYPE

NEWS

ထိုင်းနိုင်ငံရောက် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများ ထိုင်းထီ ၆ သန်းဆု နှစ်ဆုပေါက်
17-Sep-2019
တောင်ငူ၊စက်တင်ဘာ ၁၇

ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထီပေါက်ဂဏန်းတွင် အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ၆ သန်းဆု နှစ်ဆုကို မြန်မာရွှေ့ပြောင်းလုပ်သားများ ဆွတ်ခူးရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ပထမဆုကြေးငွေ ဘတ် ၆ သန်းဆု 340388 နံပါတ်တူ နှစ်စောင်ကို ဆောက်လုပ်ရေးလုပ်သားများဖြစ်သော အသက် ၄၃ နှစ်အရွယ် နိုင်ဖွန်ဆိုသူနှင့်အသက် ၃၀ အရွယ် နိုင်ချိုင်းဆိုသူ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

“ထိုင်းထီက ရှေ့က အက္ခရာမပါဘူး။ နံပါတ်တူနှစ်‌စောင် မြန်မာထီလိုပြောရင် မင်္ဂလာစုံတွဲက ပေါက်တယ်ပြောရမယ်”ဟု ဦးအောင်ကျော်က ဆိုသည်။

ယခုထိုင်းထီဆုသည် မြန်မာငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာခဏ ထီဆုကြီးအချို့ ပေါက်တတ်သဖြင့် ဆုကြေးငွေ ထုတ်ယူခြင်းလုပ်ငန်းများကို ကူညီ‌ဆောင်ရွက်ပေးရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

R-15