News

POST TYPE

NEWS

ငါးမျှားကြိုး ဆင်းဖြုတ်သည့် အမျိုးသား ရေနစ်သေဆုံး
16-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၆

အင်းစိန်မြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးရွှေတင်လမ်းတွင် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက အမျိုးသားတစ်ဦးမှာ ရေကန်အတွင်းရှိ ကိုင်းပင်နှင့် ငါးမျှားကြိုး ချိတ်မိနေသောကြောင့် ဆင်းဖြုတ်ယူစဉ် ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၀ နှစ် အမျိုးသားမှာ ငွေစင်ကြယ် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားဖြစ်ပြီး အခင်းဖြစ်နေ့က စက်ရုံအတွင်းရှိ ရေကန်တွင် စက်ရုံမန်နေဂျာ အပါအဝင် ၎င်းတို့သုံးဦး ငါးမျှားခဲ့ကြသည်။

ယင်းသို့ ငါးမျှားနေစဉ် သေဆုံးသူ၏ ငါးမျှားကြိုးမှာ ရေအောက်ရှိ ကိုင်းပင်နှင့်ချိတ်မိနေသောကြောင့် ၎င်းက ဆင်းဖြုတ်ယူစဉ် ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိရန် သေမှုသေခင်းအမှတ်စဉ် ၈၇/၂၀၁၉ ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA