News

POST TYPE

NEWS

ပဲခူးမြစ်ရေ ပြန်လည်ကျဆင်း ရေဘေးစခန်း ၇ ခု ပြန်ပိတ်
16-Sep-2019
တောင်ငူ၊ စက်တင်ဘာ ၁၆

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ကာ အနိမ့်ပိုင်း ရပ်ကွက်များ ရေနစ်မြုပ်ခဲ့သည့်အတွက် ရေဘေးစခန်း ၂၇ ခု ဖွင့်ထားခဲ့ရပြီး စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေဘေးစခန်း ၇ ခုကို ပြန်ပိတ်လိုက်ပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှသိရသည်။

လက်ရှိတွင်ကယ်ဆယ်ရေးစခန်း ၂၀၊ အိမ်ထောင်စု ၂၇၆၂ စု လူဦးရေ ၁၃၆၅၈ ဦးကို‌ ကူညီထောက်ပံ့နေရဆဲ ဖြစ်သည်။

“ကြခတ်ဝိုင်းတောရ အပါအဝင် ရေဘေးစခန်းအချို့‌တော့ မပိတ်ရသေးဘူး။ အနိမ့်ပိုင်းရပ်ကွက်တွေမှာပါ။ ရေကတော့ စိုးရိမ်ရေမှတ်အောက်ထိ ကျသွားပြီ”ဟု ပဲခူးမြို့ခံ ကိုအောင်မျိူးဦးက ပြောသည်။

ပဲခူးမြို့နယ်အနီး ပဲခူးမြစ်ရေသည်စက်တင်ဘာလ ၁၆ ရက်‌ နံနက် ၉ နာရီခွဲအချိန်တိုင်း ထွာချက်များအရ မြို့၏ စိုးရိမ်ရေမှတ် ၈၈၀ အောက် ၇၉၄ စင်တီမီတာတွင် ပြန်လည်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရေးကြီးရေလျံမှုများ ဖြစ်ပေါ်နေစဉ် ပဲခူးမြို့နယ် ရပ်ကွက်ကျေးရွာ အချို့ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်းကျောင်းခွဲ ၂၄ ကျောင်းကိုယာယီပိတ်ပေးခဲ့ရပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျောင်းအချို့ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။






  • VIA