News

POST TYPE

NEWS

တရုတ်နှင့် အမေရိကန် အပြန်အလှန်သွင်းကုန်များကို အခွန်ထပ်တိုးကောက်မှု အသစ်များပြုလုပ်
01-Sep-2019



ဘေဂျင်း၊ စက်တင်ဘာ ၁

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် တစ်ဖက်နှင့်တစ်ဖက် ထုတ်ကုန်များကို အခွန်တိုးမြှင့် ကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ခင်းနေကြရာ ယခုအခါလည်း ထပ်တိုးအခွန်များ ထပ်လုပ်လိုက်ကြောင်း သတင်းများက ဖော်ပြထားသည်။

ကုန်သွယ်ရေး ပြိုင်ဆိုင် စစ်ခင်းမှုကို ရပ်တန့်နိုင်ရန် ညှိနိုင်းမှုများ ပြန်လည်စတင်နေသော်လည်း ယင်းသို့ ထပ်တိုးအခွန်များ အပြန်အလှန် ထားရှိနေကြခြင်းဖြစ်သည်။

တရုတ်ပြည်မှ သွင်းလာသော ထုတ်ကုန်များကို ၁၅ ရာခိုင်နူန်း ထပ်တိုးအခွန်ကောက်ရာ ထုတ်ကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံဖိုးအထိ ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနရုံးက ဆိုထားသည်။

ထပ်တိုးအခွန် အစီအစဉ်ကို နောက်ဆုတ်ရန် အစီအစဉ်မရှိပါကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဆိုထားသည်။

ထပ်တိုးအခွန်ရှိလာမည့် တရုတ်သွင်းကုန်များမှာ စားသောက်ကုန်များ၊ အားကစားပစ္စည်းများ၊ ဂီတတူရိယာများ၊ ပရိဘောဂများဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ထုတ်ပြန်သည်။

တရုတ်ဘက်ကလည်း လက်စားချေသည့်အနေဖြင့် အမေရိကန်မှ သွင်းလာသော ရေနံစိမ်းသွင်းကုန်ကို အခွန် ၅ ရာခိုင်နူန်းတိုးကောက်ရန် ရှိသည်။ 

F-02