News

POST TYPE

NEWS

CNLD ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်းပြောသူများကို ချင်းသစ္စာဖောက်ဟု ပြောဆိုခဲ့မှုအပေါ် ပါတီက ပြန်ရှင်း
01-Sep-2019

ကလေး၊ ဩဂုတ် ၃၁

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များဖြစ်ကြောင်း ဗဟိုပါတီဥက္ကဋ္ဌ ပူးဇိုဇမ်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့မှုနှင့် ပတ်သက်၍ ပါတီက ကြေညာချက်ထုတ်၍ ပြန်လည်ရှင်းလင်းခဲ့သည်။

ဩဂုတ်လ ၃၀ ရက်နေ့က ကလေးမြို့နယ်၊ ဘူတာလမ်းဆုံမီးပွိုင့်အနီးပြုလုပ်သည့် ပါတီ၏ မြို့နယ်ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ဥက္ကဋ္ဌက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းပြောကြားချက်နှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီတွင် ပါတီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခရီးစဉ်တစ်လျှောက်တွင် ပါတီရုံးနှင့် ဆိုင်းဘုတ်တင်ခြင်းတို့ မပြုလုပ်နိုင်ရန် ပိတ်ပင် ဟန့်တားမှုများ ပါတီနှင့်တကွ ပါတီခေါင်းဆောင်များအပေါ် လူမှုဆက်သွယ်ရေး ကွန်ရက်များအသုံးပြု၍ မဟုတ်မမှန်စွပ်စွဲ တိုက်ခိုက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းကြောင့် နည်းမျိုးစုံဖြင့် မဟုတ်မမှန် စွပ်စွဲနှောင့်ယှက်သူများကို ရပ်တန့်စေရန် ရည်ညွန်း၍ အလှည့်ကျဥက္ကဋ္ဌဖြစ်သူက အမျိုးသားရေး သစ္စာဖောက်သူများဟူ၍ စိတ်မကောင်းစွာဖြင့် ပြောဆိုမိခြင်းဖြစ်သည်ဟု သိရှိရကြောင်း ရှင်းလင်းဖော်ပြ အပ်ပါသည်ဆိုသည့် အချက်အပါအဝင် အချက် ၅ ချက်ကို ထုတ်ပြန်ခဲ့သည်။ 

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် စသည့် ချင်းပါတီ ၃ ခု ပူးပေါင်းကာ အသစ်ဖွဲ့စည်းလိုက်သည့် ပါတီဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တစ်ပြည်နယ်လုံးအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဆိုင်းဘုတ်ဖွင့်ပွဲများကို ပြုလုပ်နေခြင်းဖြစ်သည်။  

R-20