News

POST TYPE

NEWS

ဇီကာရောဂါပိုးမှာ ဒေသရှိ ခြင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဖလော်ရီဒါ ပြည်နယ်မှာ အတည်ပြု
30-Jul-2016 tagged as

ဇီကာရောဂါပိုး ကူးစက်ခံရသူ လေးဦးမှာ ဒေသရှိ ခြင်များမှတစ်ဆင့် ဖြစ်နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာက ဇူလိုင် ၂၉ ရက် (သောကြာနေ့) တွင် ကြေညာခဲ့သည်။

မိုင်ယာမီ - ဒတ်နှင့် ဘရိုဝှတ် ခရိုင်များရှိ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦးတို့မှာ ဇီကာရောဂါပိုး ကူးစက်ခံနေရသည်ဟု ဆိုသည်။

ဇီကာရောဂါပိုးမှာ မိုင်ယာမီ - ဒတ် ခရိုင်ရှိ နေရာ တစ်ခုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ ၎င်းနေရာသည် ဝန်ကြီးဌာနမှ ဇီကာရောဂါပိုး ခရိုင်အတွင်း ပျံ့နှံ့ရခြင်းအတွက် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် နေရာလည်းဖြစ်သည်ဟု ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဖလော်ရီဒါ ပြည်နယ်တွင် ဖေဖော်ဝါရီလတုန်းက ၎င်းတို့၏ ပထမဦးဆုံး ခရီးသွားလာခြင်းကြောင့် ဇီကာရောဂါပိုး ကူးစက်ခံရသည့် အမှုဖြစ်ပေါ်ခဲ့ပြီး  ပြီးခဲ့သည့်အပတ်မှ စတင်၍ မိုင်ယာမီ - ဒတ်နှင့် ဘရိုဝှတ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ဇီကာရောဂါပိုး ကူးစက်ခံရသည့်အမှုကို ယခုပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာနက စုံစမ်း ဖော်ထုတ်လျက် ရှိသည်။

ခြင်နိုမ်နင်းရေး ကုမ္ပဏီများနှင့် လက်တွဲ၍ ရောဂါပိုးရှိသည်ဟု ယူဆရသည့် ခရိုင်များတွင် ခြင်များကို မရှိအောင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနကို ညွန်ကြားထားသည်ဟု ဖလော်ရီဒါ ပြည်နယ်ဝန်ကြီးချုပ် ရစ်စကော့က ပြောဆိုသည်။

Ref : Time 

  • VIA
  • TAGS