News

POST TYPE

NEWS

ကရင်နီ လူငယ် ၆ ဦးကို နိုင်/လွတ်လုံပုဒ်မဖြင့်စွဲချက်တင်
26-Aug-2019



တောင်ငူ၊ သြဂုတ်၂၆

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးကို ကရင်နီအမျိုးသား သစ္စာဖောက်များအဖြစ် ကြေငြာချက်ထုတ်ပြန်သည့်အတွက် ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ၆ ဦးကို ယနေ့(သြဂုတ်၂၆ ရက်) က နိုင်/လွတ်လုံ ပုဒ်မနှင့်သာ စွဲချက်တင်ခဲ့ကြောင်း ကရင်နီပြည်လူငယ်သမဂ္ဂမှမူအန်းဂျေလာက ပြောကြားသည်။

“မူလတရားစွဲဆိုထားတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်တယ်။ လူငယ်တွေဘက်က ရှေ့နေတွေနဲ့တိုင်ပင်ပြီး ပြင်ဆင်ချက်တင်သွင်းဖို့ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကရင်နီလူငယ်များသည် ဖမ်းဆီးခြင်းခံရပြီး လေးလခန့်အကြာ စွဲချက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ပြည်သူကို အကာကွယ်ပေးဖို့ ရေးစွဲထားတဲ့ဥပဒေက ပြည်သူကိုအကာအကွယ် မပေးဘူးဆိုတာ ပေါ်လွင်လာကို အခုဖြစ်ရပ်က သက်သေပြနေတာပါ”ဟု တရားရုံးစွဲချက်တင်အပြီးတွင် ဖမ်းဆီးခံကရင်နီလူငယ် ဒီးဒီးက ပြောကြားသည်။

ယင်းနိုင်/လွတ်/လုံ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခံထားရသည့် ကရင်နီလူငယ်များမှာ ခူးကြူးဖဲ​ကေး (ခ) ဂူးဂူး၊ခွန်​သောမက်စ်၊ ပျား​​လေး၊ ဒီးဒီ၊ ခွန်​မျိုးလှိုင်​ဝင်း (ခ) ပါစကွားလယ်​နှင့်​ ခူးရီဒူးတို့ဖြစ်သည်။

R-15