News

POST TYPE

NEWS

ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း မြေခြံဝန်းခတ်ရာမှ ပဋိပက္ခဖြစ်
25-Aug-2019


မန္တလေး၊ သြဂုတ် ၂၅

မန္တလေး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းဧရိယာကို ယနေ့ (ဩဂုတ် ၂၅ ရက်) မွန်းလွဲပိုင်းက စီမံကိန်းအကောင်အထည်ဖော်မည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ခြံစည်းရိုးခတ်နေစဉ် ဒေသခံတောင်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။

စည်ပင်သာယာရေးကော်မတီက ခြံစည်းရိုးခတ်ခြင်း၊ ရဲတပ်ဖွဲ့က လုံခြုံရေးပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ရာ မြေပိုင်ရှင် တောင်သူများက ၎င်းတို့၏ စိုက်ပျိုးမြေများကို ခြံစည်းရိုးမခတ်ရန် တားဆီးရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ထိန်းသိမ်းခဲ့ရသည်။

ပဋိပက္ခဖြစ်နေစဉ် ဝန်းကာရံခြင်းကို လုံခြုံရေးပေးနေသည့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ရာ ဒေသခံများထွက်ပြေးစဉ် ခြံစည်းရိုးကာရံနေသူများက လိုက်လံပြီး ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ရာမှ တောင်သူ အမျိုးသမီးတစ်ဦး မျက်နှာတွင် ကန့်လန့်ဖြတ် ပြက်ရှဒဏ်ရာရရိခဲ့သည့်အတွက် ဆေးရုံသို့ တင်ပို့ကုသထားရသည်။

M-04