News

POST TYPE

NEWS

လုံခြုံရေးဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်၊ ပြင်ဆင်ခြင်းများကြောင့် အကြမ်းဖက်ခံရမှုများ ဖြစ်ပွားဟု တပ်မတော်ပြော
25-Aug-2019
နေပြည်တော်၊ ဩဂုတ် ၂၄

NLD အစိုးရ လက်ထက်၌ လုံခြုံရေးဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများကြောင့် တပ်မတော် နည်းပညာတက္ကသိုလ်ကို ဝင်ရောက်ပစ်ခတ်မှု အပါအဝင် အခြားသော အကြမ်းဖက် တိုက်ခိုက်မှုအချို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း တပ်မတော်က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၃ ရက် ညနေပိုင်းက ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်လည်း လုံခြုံရေးဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများကြောင့် အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ပြောဆိုလိုက်သည်။

NLD အစိုးရအနေနှင့် လွှတ်တော်အတွင်း၌ လုံခြုံရေးဆိုင်ရာဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မတော်အနေနှင့် သတင်းရရှိမှု အားနည်းစေသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေကြောင်း၊၂၀၁၆ ခုနှစ်တွင် အရေးပေါ်စီမံမှုအက်ဥပဒေ အပါအဝင် နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းခြင်း ရပ်ကွက်၊ ကျေးရွှာ အုပ်ချုပ်ရေးမှူးဥပဒေတွင် ပါရှိသည့် ဧည့်စာရင်း တိုင်ကြားရသည့် ပုဒ်မတို့ကို ပယ်ဖျက် လိုက်သည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“ဒီဥပဒေတွေက ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေတွေအရ လိုအပ်လို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေလို့ ပြောရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

ပယ်ဖျက်ခဲ့သည့် ယင်းဥပဒေများ အသက်ဝင်နေသေးပါက တရားဥပဒေ ချိုး ဖောက်မည့်သူတို့သည် ရပ် ကွက်၊ ကျေးရွာ သို့ မဝင်ရဲသည့်အပြင် လက်နက်ကိုင် သောင်းကျန်းမှုကိုပါ မပြုရဲကြောင်း ၎င်းက ပြောကြားသည်။

ယင်းအပြင် လက်ရှိအစိုးရလက်ထက် တွင် နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေး ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းကြောင့် လုံခြုံရေးလုပ်ဆောင်ရန် ခက်ခဲမှုရှိလာ ကြောင်းကို ၎င်းက “ခင်ဗျားတို့ အိတ်တွေ ခွင့်ပြု ချက်မရရင် ရှာခွင့်မရှိတဲ့သဘောမျိုး ဖြစ်သွားပြီ”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ က ဆိုသည်။

တပ်မတော်အနေနှင့် လွှတ်တော် ပြင်ပ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ “ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို လာမှာလား၊ တပ်မတော်အနေနဲ့ ကြိုဆိုတယ်၊ တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲ” ဟု ဩဂုတ်လ ၂၃ ရက် ညနေ ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားသည်။ 

S-01


  • VIA