News

POST TYPE

NEWS

သီပေါမြို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်
22-Aug-2019

ရန်ကုန်၊ သြဂုတ် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်ကို သြဂုတ်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါစံချိန်သစ်မှာ ၁၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခင်စံချိန်ဟောင်းမှာ ၁၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ ယင်းဒေသတွင်မိုးလေဝသစခန်းစဖွင့်ချိန်မှစတင်၍ နှစ်ပေါင်း ၅၄ နှစ်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်သည်။

E-03