News

POST TYPE

NEWS

ရေပြည့်နေသောလျိုမြောင်ထဲ ဘက်စ်ကားထိုးကျသဖြင့် လာအိုတွင် တရုတ် ခရီးသွား ၁၃ ဦးသေဆုံး
20-Aug-2019


ဗီယန်ကျင်း၊ သြဂုတ် ၂၀

တရုတ်ခရီးသွားဧည့်သည်များကို တင်ဆောင်လာသော ဘက်စ်ကား လာအိုနိုင်ငံတွင် လမ်းချော်ပြီး ၃၀ မီတာနက်သော လျိုမြောင်ထဲကို ထိုးကျသွားခဲ့ရာ အနည်းဆုံး တရုတ်ခရီးသွား ၁၃ ဦးသေဆုံးခဲ့ကြောင်း လာအို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကားပေါ်တွင် တရုတ်ခရီးသွား ၄၀ ဦးတင်ဆောင်လာပြီး ခရီးသွားမြို့ လူအန်ပရာဘန်းကို ဦးတည်သွားနေသော ဘက်စ်ကားဖြစ်သည်။

“အလောင်း ၁၃ လောင်းကို ရရှိထားပြီး၊ နှစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်” လို့ ရဲအရာရှိ ရှောင်ယာဖုန်းချီတာဗွန်း က AFP ကို ပြောကြားသည်။

အဆိုပါ မတော်တဆမှု ဖြစ်ရခြင်း အကြောင်းရင်းမှာ ဘရိတ်ပေါက်ခြင်းဖြစ်သည်ဟု ၎င်းက အတည်ပြု ပြောကြားသည်။

လူ ၃၁ ဦးကို ဆေးရုံတင်ပြီး ကုသပေးနေရကြောင်း ရဲအရာရှိက ပြောကြားသည်။ ကယ်ဆယ်ရေးလုပ်သားများ ရေထဲဆင်းပြီး ရှာဖွေနေကြသည့် ဓာတ်ပုံများကို တရုတ်နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်ထားသည်။

မိုးရာသီတွင် လာအိုနိုင်ငံ၌ လမ်းများချော်ကာ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်လေ့ရှိသည်။

F-02