News

POST TYPE

NEWS

ဇီးကုန်းတွင် မျက်မှောက်အခြေအနေ နိုင်ငံရေးစကားဝိုင်းဆွေးနွေး
20-Aug-2019


ဇီးကုန်း၊ သြဂုတ် ၂၀

မျက်မှောက်အခြေအနေ နိုင်ငံရေးစကားဝိုင်းကို သာယာဝတီ၊ ဇီးကုန်းနယ်အတွင်းမှ စာရေးဆရာများ၊ အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးလေ့လာသူများစုပေါင်း၍ သြဂုတ် ၂၀ ရက်က ဇီးကုန်းမြို့၊ အမှတ် ၄ ရပ်ကွက်၊ မြသိန်းရံစွယ်တော်တိုက်တွင်း ဆွေးနွေး၊ ပြုလုပ်ခဲ့ကြသည်။

လက်ရှိလွှတ်တော်အမတ်အချို့အတွက် ရွေးကောက်ပွဲကာလက ၎င်းတို့အတွက် နယ်လှည့်မဲဆွယ်ပေးခဲ့သော်လည်း လက်ရှိတွင် လယ်သမားအရေး၊ အလုပ်သမားအရေး၊ အခက်အခဲများကို လှုပ်ရှားမပေးသဖြင့် လာမည့်ရွေးကောက်ပွဲတွင် အမှန်တကယ် အလုပ်လုပ်မည့်အမတ်ကိုသာ ပြည်သူကိုယ်တိုင်မည်သို့ရွေးချယ်ရမည်ကို လမ်းညွှန်မည်ဖြစ်ကြောင်း နတ္တလင်းမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူ ဦးအုန်းထွန်းက ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီအနေဖြင့် သောင်ပြိုကမ်းပြိုနိုင်ရန် ၂၀၁၅ ခုနှစ်ကထက် ပိုကြိုးစားရမည်ဖြစ်ပြီး အဓိကအားဖြင့် လယ်သမားအရေး၊ မြေသိမ်းယာသိမ်းမှုများကို အဓိကဖြေရှင်း လုပ်ဆောင်သင့်ပြီး လွှတ်တော်အမတ်များ အလုပ်ပိုလုပ်ရန်လိုအပ်ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသည့် ကိုသန့်ဇင်ထက်က မှတ်ချက်ပေးပြောဆိုသည်။

ဇီးကုန်းမြို့နယ်၊ ပြည်သူများအနေဖြင့် အာဏာရပါတီ၏ မြို့နယ်အလုပ်အမှုဆောင်များ၏ လုပ်ဆောင်ချက်များအပေါ် စိတ်ဝင်စားမှု အားနည်းနေသဖြင့် လာမည့်ရွေးကောက်ပွဲတွင်လည်း အောင်နိုင်ရေးနှင့် စိတ်ဝင်စားမှုရှိလာစေရန် ရည်ရွယ်၍ စကားဝိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဦးအေးကိုက ပြောကြားသည်။

R-19




  • VIA