News

POST TYPE

NEWS

မွန်တွင် ရေကြီးမှုကြောင့် ဆားပိဿာချိန် ၄၇ သိန်းကျော် ပျက်စီး
20-Aug-2019

မော်လမြိုင်၊ ဩဂုတ် ၂၀

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ်မြို့နယ်ရှိ ပငဆားလုပ်ငန်း၊ ကရုတ်ပိကျေးရွာ ဆားလုပ်ငန်းနှင့် မော်လမြိုင်မြို့ပေါ်ရှိ ဆားချောစက်ရုံတို့မှ ဆားပိဿာချိန် ၄၇ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

“မနှစ်ကထက်စာရင် ဆားပျက်စီးမှုက နှစ်ဆနီးပါး ပျက်သွားတယ်လို့ ပြောလို့ရတယ်။ မနှစ်က ပျက်စီးမှုက ပိဿာချိန် ၂၆ သိန်းကျော်ပဲရှိတယ်။ ဒီနှစ်မှာတော့ ဆားကြမ်း ပိဿာချိန် ၄၇ သိန်းကျော် ပျက်စီးသွားတယ်။ ရေကလည်း မနှစ်ကထက် နှစ်ပေလောက်ပိုတက်လာတယ်” ဟု ၎င်းက ဆိုသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပငဆားလုပ်ငန်းတွင် ဂိုဒေါင်ပေါင်း ၃၄ လုံး စုစုပေါင်း ဆားပိဿာချိန် ၄၁၄၉၀၀၊ ကရုတ်ပိကျေးရွာတွင် ဂိုဒေါင် ၁၃ လုံးမှ ဆားပိဿာချိန် ၆ သိန်း ၁ သောင်းကျော်နှင့် မော်လမြိုင် ဆားချောစက်ရုံရှိ ဂိုဒေါင်တွင် ဆားကြမ်းပိဿာချိန် ၂ သောင်းနှင့် ဆားချော ပိဿာချိန် ၁ သောင်း ပျက်စီးသွားခဲ့ရကြောင်း စုစုပေါင်း ဆားကြမ်းပျက်စီးမှုမှာ ၄၇ သိန်း ၇ သောင်း ၈ ထောင်ရှိကြောင်း မွန်ပြည်နယ်၊ ဆားဦးစီးဌာနထံမှ သိရသည်။

R-21