News

POST TYPE

NEWS

အဂတိမှုဖြင့် အမှုဖွင့်ခံရပြီး တိမ်းရှောင်နေသည့် ဒုရဲအုပ် လာရောက် အဖမ်းခံ
19-Aug-2019
မန္တလေး၊ သြဂုတ် ၁၉

ချမ်းအေးသာစံမြို့နယ်မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးတို့ အဂတိမှုဖြင့် အမှုဖွင့်ခံရပြီး တရားရင်ဆိုင်နေရသည့်အမှုမှ တစ်ဦးဖြစ်သည့် အမှုစစ်အရာရှိ ဒုရဲအုပ် ကျော်နိုင်ဦးသည် သြဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အမှုဖွင့်ခံထားရသည့် အမှတ် ၃ နယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်၊ အမှတ် ၃ နယ်မြေရဲစခန်း၏ ယခင်စခန်းမှူးဟောင်းဖြစ်သူ ရဲအုပ်ကျော်သူနှင့် အမှုစစ်အရာရှိများဖြစ်သည့် ဒုရဲအုပ် ထွန်းထွန်းလင်း၊ ဒုရဲအုပ် ကျော်နိုင်ဦးတို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ်ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှတ်(၃)နယ်မြေရဲစခန်းတွင် ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်းတို့ကို ဇွန်လ ၁၄ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားထားသည့်အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

ယင်းအမှုတွင် စခန်းမှူးဟောင်းဖြစ်သူ ရဲအုပ်ကျော်သူမှာမူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

M-04