News

POST TYPE

NEWS

တိုက်ပွဲများကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်တွင် ကုန်စည်များ ပြတ်တောက်
19-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၈

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် သွားလာရခက်ခဲမှုများကြောင့် ကုန်စညများ ပြတ်တောက်လျက်ရှိကြောင်း မူဆယ်မှ ကုန်သည်များက ပြောကြားသည်။

“မူဆယ် ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ပြဿနာက ကုန်မဝင်ဘူး။ လမ်းတွေပိတ်တော့ ကုန်မဝင်တာ။ အရောင်းအဝယ်က ပုံမှန်တော့မဟုတ်ဘူး။ ရပ်နေတယ်”ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့အကြား ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ကုန်စည်သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်များက ကုန်စည်အသယ်အပို့များ မပြုလုပ်ဘဲ ကုန်စည်များပြတ်တောက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မနေ့ကလည်း ပစ်ကြခတ်ကြတာ တွေရှိတော့ ကုန်သွယ်ရေးကတော့ ရပ်နေတယ်။ ကုန်သယ်တဲ့ ကားအကြီးတွေရော၊ ကားအသေးတွေရော ရောက်တဲ့နေရာမှာ အကုန်ရပ်နားထားကြပြီး မသွားရဲကြဘူး။ ခဏရပ်ပြီး အခြေအနေစောင့်နေကြတာ။ တံတားကလည်း သွားလို့မရဘူး”ဟု မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းတံတား တိုက်ခိုက်ဖျက်ဆီးခံရခြင်းအပြင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ကုန်စည်တင်ဆောင်ထားသည့် ယာဉ်များမှာ အသွားအလာမပြုလုပ်နိုင်သေးဘဲ ရပ်၍ စောင့်ဆိုင်းနေရကြောင်း ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် စားသောက်ကုန်၊ လယ်ယာသုံးသွင်း အားစုများ စသည့်ကုန်စည်များအပါအဝင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ ပြန်လည်တင်ပို့သည့် လယ်ယာထွက်ကုန် ပစ္စည်းစုစုပေါင်း ကားအစီးရေ ၃၀၀ ကျော်ကို နေ့စဉ်အသွားအလာပြုလုပ်နေရကြောင်း မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-11


  • VIA