News

POST TYPE

NEWS

သံတွဲတွင် အင်အားရစ်ခ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်
18-Aug-2019


ရန်ကုန်၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးကို ဗဟိုပြု၍ ယနေ့နံနက် ၉ နာရီ ၅၄ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို သိသာစွာခံစားခဲ့ရသည်။

အဆိုပါမြေငလျင်သည် သံတွဲမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ၊ အနက် ၈ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်ဖြစ်ကြောင်း မြေငလျင်ဌာနခွဲထံမှ သိရသည်။

ငလျင်လှုပ်ခတ်မှုကို သံတွဲ၊ ရန်ကုန်၊ ပြည်၊ တောင်ကုတ်၊ ပန်းတောင်း၊ ဟင်္သာတ၊ ကျုံပျော်နှင့် ပုသိမ် အစရှိသည့်မြို့နယ်များတွင် နေထိုင်သူများမှာ သိသာစွာခံစားခဲ့ရကြောင်း ယင်းဒေသခံများ၏အဆိုအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ငွေဆောင်ကမ်းခြေ၊ သဇင်ကျေးရွာအုပ်စုရှိ ကမ်းခြေတစ်လျှောက်တွင် ပင်လယ်ခရု အများအပြားကျရောက်နေသည့်အတွက် ဒေသခံများမှာ သဘာဝဘေးတစ်ခုခုကျရောက်မည်ကို စိုးရိမ်လျက်ရှိသည်။

E-03