News

POST TYPE

NEWS

အိမ်သစ်ဆောက်ပေးမည်ပြောကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူများကို ဖမ်းဆီး
08-Aug-2019

ကျိုင်းတုံ၊ သြဂုတ် ၈

အိမ်အသစ်ဆောက်ပေးမည့်အပြင် ထိုင်းဘတ်ငွေခုနစ်သောင်းရမည်ဟု ၁၅ နှစ်အရွယ် အမျိုးသမီးကိုစည်းရုံးကာ တရုတ်အမျိုးသားထံ ရောင်းစားခံသူ အမျိုးသမီးသုံးဦးနှင့် တရုတ်အမျိုးသားကို သြဂုတ် ၇ ရက်၊ ည ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးထားသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်၊ မကာကျေးရွာမှ မိန်းကလေးငယ်ကို တစ်ရွာတည်းနေအမျိုးသမီးတစ်ဦးနှင့် မိုင်းဖြတ်နှင့် တာချီလိတ်မှအမျိုးသမီးတို့က ဇန်နဝါရီလအတွင်းက ရန်ကုန်သို့ခေါ်သွားပြီးနောက် တရုတ်အမျိုးသားထံရောင်းစားခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက “တရုတ်မှာ ၇လလောက်ပေါင်းသင်းပြီး မိဘတွေဆီကန်တော့ပြန်မယ် ဆိုပြီးတရုတ်အမျိုးသားနဲ့ပြန်လာချိန်မှာ အမှုဖွင့်တိုင်ကြားတာပါ” ဟု ပြောကြားသည်။

တရုတ်အမျိုးသားနှင့် ရောင်းစားခဲ့သူများဖြစ်သည့် ဒေါ်နန်းလီ(၃၅ နှစ်)၊ဒေါ်နန်းရှန်ရွတ်(၄၉ နှစ်)၊ဒေါ်နန်းချယ်ရီ(ခ)ပါနန်း(၄၈ နှစ်)တို့ကို လူကုန်/တား ဥပဒေပုဒ်မ ၂၄/၃၂ဖြင့်အမှုဖွင့်ထားပြီး ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးထွက်ပြေးနေ၍ သုံးဦးကိုရဲတပ်ဖွဲ့ကဖမ်းထားသည်။

R-16