News

POST TYPE

NEWS

တံတားဦးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို တိုင်းအစိုးရက ထောက်ပံ့
23-Jul-2019


မန္တလေး၊ ဇူလိုင် ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က  ငွေကျပ် ၅၆၃ သိန်းကျော်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပေးအပ်ခဲ့သည်။

“အားလုံးကို တန်းတူရည်တူ ဖြစ်စေချင်တယ်။ ညီတူမျှတူဖြစ်စေချင်တယ်။ ကျွန်နော်တို့အားလုံး အယုတ်အလတ်ဘာသာ မရွေးပါဘူး။ သဘာဝဘေးသင့်တဲ့သူတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားသည်။



တံတားဦးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁၀၀၄၃ ဦးအတွက် တစ်ပတ်စာနှုန်းဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၇ လုံး၊ ရေ ၄ လီတာ၊ ခေါက်ဆွဲခြောက် ၇ ထုပ်စီ၊ ကျသင့်ငွေကျပ် ၃၅၂၅၀၉၃၀ ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်းကောင်း၊ ဆန်တစ်ပတ်စာအတွက် လူတစ်ဦးလျှင် ၂၁၀၀ ကျပ်စီ၊ ကျသင့်ငွေ ၂၁၀၉၀၃၀၀ ကို ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာနကလည်းကောင်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၆၃၄၁၂၃၀ ကျပ် ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

M-01


  • VIA