News

POST TYPE

NEWS

ဆီဘောက်ဆာယာဉ် အရှိန်လွန်တိမ်းမှောက်ရာမှ မီးလောင်
21-Jul-2019



တောင်ငူ၊ ဇူလိုင်၂၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၁၉၄ အနီးတွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ဆီဘောက်ဆာယာဉ်တစ်စင်း အရှိန်လွန်တိမ်းမှောက်ရာမှ မီးလောင်ပျက်စီးခဲ့သည်ဟု မြို့လှအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



“ကားက ရန်ကုန်ဘက်ကနေ မန္တလေးဘက်အလာမှာ တိမ်းမှောက်ခဲ့တာပါ။ မြတ်မေတ္တာမွန်ကုမ္ပဏီကလို့ သိရပြီး ယာဉ်မောင်းနဲ့ စပါယ်ယာက ထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံတင်ထားပေမယ့် စိုးရိမ်စရာမရှိဘူး”ဟု နတ်တောင်ကျေးရွာနေ ဦးမြင့်နိုင်က ပြောကြားသည်။

ကားမီလောင်ခဲ့မှုကို ရေတာရှည်၊ မြို့လှ၊ သာဂရမြို့များမှ မီးသတ်စခန်းမှ ငြိမ်းသတ်ခဲ့ရာ တစ်နာရီကျာ်ခန့်တွင် လုံးဝမီးငြိမ်းသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို ယာဉ် (ပ) ၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈/၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မြို့လှနယ်မြေရဲစခန်းထံမှ သိရသည်။

R-15