News

POST TYPE

NEWS

မင်းထင်ကိုကိုကြီးအမှု သြဂုတ်လအတွင်း အပြီးသတ်စစ်ဆေးမည်
18-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၈

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှုအား သြဂုတ်လအတွင်း အပြီးသတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“၅၀၅ (က) နဲ့ စွဲချက်တင်တယ် အပြစ်ရှိမရှိ စွပ်စွဲခံရသူကို မေးတော့ မင်းထင်ကိုကိုကြီးက အပြစ်မရှိကြောင်း ငြင်းဆိုတဲ့အတွက် ပြန်ခေါ်သက်သေနှစ်ဦးပြန်ခေါ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါအမှု၏ သြဂုတ် ၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ ဗိုလ်မှူးအောင်ရဲကျော်ကို ထပ်မံစစ်ဆေးရန်ခေါ်ထားပြီး စွပ်စွဲခံရသူမှ ကိုယ်ပိုင်အစစ်ခံကာ တရားခံပြသက်သေနှစ်ဦးစစ်ဆေးပြီးပါက သြဂုတ်လအတွင်း အပြီးသတ်သွားမည်ဟုထင်မြင်ကြောင်း ရှေနေဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလို ဒုဗိုလ်မှူးကြီး လင်းထွန်းကို ပြန်ခေါ်သက်သေအနေဖြင့် စစ်ဆေးသည့်စဉ် ရှေနေမှ ၆၆ (ဃ) ဖြင့် တရားစွဲထားပြီးဖြစ်သော်လည်း ၅၀၅ (က) ဖြင့် ထပ်မံစွဲဆိုခြင်းသည် တရားဥပဒေလမ်းကြောင်းအရ မှားယွင်းကြောင်းပြောသည့်အခါ တရားလိုက “၂ ခုရှိလို့ ၂ ခုနဲ့ စွဲတာ ၃ ခုရှိရင် ၃ ခုနဲ့စွဲမယ် ၄ ခုရှိရင် ၄ ခုနဲ့ စွဲမယ် မကျေနပ်လို့စွဲတာ”ဟု ပြောဆိုကြောင်းမင်းထင်ကိုကိုကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“တပ်မတော်မှာ အပြန်အလှန်လေးစားမှုလည်း မပျက်စီးဘူး တပ်မတော်ပြိုကွဲတယ်ဆိုတဲ့ သက်သေလည်းမရှိဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်ဆိုတဲ့ သက်သေလည်းမရှိဘူး”ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။

တရားစွဲဆိုခံရသော ဒါရိုက်မင်းထင်ကိုကိုကြီးသည် ၎င်းအသုံးပြုသော kokogyi ဖေ့ဘုတ်အကောင့်တွင် တင်ခဲ့သောပို့စ် ၁၀ ခုသည် တပ်မတော်မှအရာရှိနှင့် တပ်မတော်သားတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အများအကြည်ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်က ဧပြီလအတွင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အေးချမ်းသူ


  • VIA