POST TYPE
NEWS
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရန်ကုန်လူငယ်တွေ့ဆုံပွဲပျက်
18-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၈
သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရန်ကုန်လူငယ်တွေဆုံပွဲ အခမ်းအနားကို မပြုလုပ်ဖြစ်တော့ကြောင်း ယင်းပါတီမှ သိရသည်။
ယင်းအခမ်းအနားကို လှိုင်မြို့နယ် ၆ မိုင်ခွဲ ဗိုလ်ချိန်လမ်းရှိ ခြံအမှတ် ၈၀ (A) တွင် ဇူလိုင် ၂၀ ရက်နေ့တွင် ပြုလုပ်ရန် ဖိတ်ကြားထားသည်။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ အကြောင်းပြန်ကြားစာတွင် ယင်းပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်တော့ကြောင်း အသိပေးထားသည်။
ယင်းပွဲ ဖိတ်ကြားလွှာတွင်တော့ စတုတ္ထစက်မှုတော်လှန်ရေး ဘယ်သူတွေ အားပြုဖို့ လိုသလဲ၊ လူငယ်များရဲ့ မျှော်လင့်ချက်က ဘာလဲ၊ လူငယ်များ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းက ဘာလဲနှင့် လူငယ်များ နိုင်ငံအရေးကိစ္စတွေ ပါဝင်သင့်လဲ စသည့် ခေါင်းစဉ်များ ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ပွဲပျက်ခဲ့ခြင်းဖြစ်သည်။
- SOURCES
- The Voice
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
01-Dec-2019