POST TYPE
NEWS
ပဲခူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် အခမဲ့ဝိုင်ဖိုင်တပ်ဆင်မည်
18-Jul-2019

တောင်ငူ၊ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းထောင့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် 5BB ဖြင့် ချိတ်ဆက်ပြီး Internet Free WiFi တပ်ဆင်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း အစောဆုံးကြေးရုပ်တု တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်ခန့်က Public Area ပန်းခြံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခဲ့သည်မှာ ရာနူန်းပြည့် ပြီးဆီးခဲ့ပြီဖြစ်သည်။
“မကြာမီသုံးခွင့်ရမှာပါ။ နောက်ထပ် အာဇာနည်ရုပ်တုတွေမှာ ထပ်မံတပ်ဆင်ပေးဖို့ပြင်နေတယ်”ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က ပြောကြားသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နေရာကို အများပြည်သူဝင်ထွက် သွားလာ အပမ်းဖြေနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေ ကျပ်သိန်း၃၀၀ ဖြင့် အဆင့်မြှင့်ခြင်း၊ ကြေးရုပ်ပတ်လည် အုတ်ရေမြောင်းဆောင်ရွက်ခြင်းအပြင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကိုယ်တစ်ပိုင်းကြေးရုပ်တုများ တပ်ဆင်ရန်ပြင်ဆင်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
R-15
- SOURCES
- The Voice
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
01-Dec-2019