News

POST TYPE

NEWS

မြန်မာ့ပင်လယ်ပြင်အတွင်း ဗဟိုပြု၍ ငလျင်လှုပ်
07-Jul-2019


ရန်ကုန်၊ ဇူလိုင် ၇

ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်းကို ဗဟိုပြု၍ ယနေ့ (ဇူလိုင် ၇) မွန်းလွဲ ၁ နာရီခွဲခန့်က အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြန်မာ့ပင်လယ်ပြင်အတွင်း အနက် ၇၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ် (ခ်) တာစကေး ၄ ဒသမ ၆ အဆင့်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမြေငလျင်ဌာနခွဲထံမှ သိရသည်။

ပင်လယ်ပြင်အတွင်းဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း အင်အားပြင်းငလျင်မဟုတ်သည့်အတွက် မိုး/ဇလဌာနက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိပေ။

E-03


  • VIA