News

POST TYPE

NEWS

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ရေး ပြည်တွင် ဆန္ဒပြ
07-Jul-2019



တိုက်ကြီး၊ ဇူလိုင် ၇

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ရေး ပြည်မြို့တွင် လူထု ၃၀၀ ခန့်က ဇူလိုင် ၆ ရက်၊ ညနေပိုင်းက ဆန္ဒပြခဲ့ကြောင်း ဦးဆောင်ဆန္ဒပြသူများထံမှ သိရှိရသည်။

ပြည်မြို့ မြို့လယ်ရှိ ဗိုလ်ချုပ်ရုပ်ထုရှေ့နှင့် ပြည်ဘူတာကြီးရှေ့အထိ တရားမျှတမှုရရှိရေး လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြစဉ် သက်ငယ်မုဒိမ်းမဖြစ်စေရန် သတိပြုရမည့် နည်းလမ်းများပါဝင်သော လက်ကမ်းစာစောင်များကိုလည်း လူထုထံ ဝေငှခဲ့ကြသည်။

ကလေးများအတွက် အမှန်တကယ်လုံခြုံမှုရှိပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကိုရစေချင်ပြီး ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်စေလိုကြောင်း အသက် ၄၀ ခန့်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။

သက်ငယ်မုဒိမ်းသည် မိခင်များအတွက် သောကဖြစ်၍ အစိုးရအနေနှင့် အလေးထားဆောင်ရွက်ရန်နှင့် ပြစ်ဒဏ်ကို ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန်ပေးစေလိုကြောင်း ဆန္ဒပြသူများက ပြောဆိုကြသည်။

R-19