News

POST TYPE

NEWS

ကသာမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်
06-Jul-2019

ကလေး၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပေဒကို ကန့်ကွက်ရှုတ်ချခြင်း လူထုဆန္ဒထုတ်ဖော်ပွဲကို လူဦးရေနှစ်ထောင်ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲတွင် ပါဝင်ခဲ့သော ဦးအောင်ကိုစံက ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းတွင် ကသာမြို့ရှိ အာဇာနည်ကျောက်တိုင်ကွင်းအတွင်း လူစုဟောပြောပွဲများပြုလုပ်ကာ မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အမြန်ဆုံး ပြင်ဆင်ရေး ဒို့အရေး၊ နိုင်ငံသားမဟုတ်သည့်ကလေးများ တရားဝင်မွေးစားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ရရှိလာစေမည့် ဥပဒေအလိုမရှိ၊တိုင်းရင်းသားဖြစ်ခွင့်မရှိသူ အများအပြား လွှမ်းမိုးနေရာယူနိုင်သည့်ဥပဒေ အလိုမရှိဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ကိုဖီအာနန်၏ အစီရင်ခံစာအရ ပေါ်ပေါက်လာသည့်ဥပဒေ အလိုမရှိ စာတန်များ အပါအ၀င် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမလိုမရှိကြောင်း စာတန်းများပါသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။