News

POST TYPE

NEWS

သားနှစ်ဦး ရန်ပွဲကို ဝင်တားဆီးသည့် မိခင် ဓားဒဏ်ရာဖြင့် သေဆုံး
05-Jul-2019

ရန်ကုန်၊ ဇူလိုင် ၎

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြာအင်းတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက သားနှစ်ဦး ရန်ပွဲကို ဝင်တားဆီးခဲ့သည့် မိခင်ဖြစ်သူမှာ ဓားထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဒေါ်ဌေးဌေးဝင်း (၅၂ နှစ်) သည် အခင်းဖြစ်နေ့ နံနက်ပိုင်းက ၎င်း၏ သားများဖြစ်သော သန်းထွန်းအောင် (၂၆ နှစ်) နှင့် သက်ကိုဝင်း (၂၁ နှစ်) တို့ နှစ်ဦးမှာ လယ်မလုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများ ရန်ဖြစ်နေသဖြင့် ၎င်းက ဝင်ရောက်ဟန့်တားခဲ့သည်။

ရန်ပွဲဝင်တားဆီးသည့် ဒေါ်ဌေးဌေးဝင်းမှာ သားကြီးဖြစ်သူ သန်းထွန်းအောင် ကိုင်ဆောင်ထားသည့် ဓားမြှောင်ဖြင့် ထိုးမိသောကြောင့် ညာချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့သဖြင့် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်၍ အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03