POST TYPE
NEWS
တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စာရင်း ပြန်စစ်ပေးရန် ကျောင်းသား ၅၀၀ကျော် လျှောက်ထား
04-Jul-2019
ရန်ကုန်၊ ဇူလိုင် ၄
တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက် ရမှတ်စာရင်းများ ပြန်စစ်ပေးရန် ကျောင်းသား ၅၀၀ ကျော်လျှောက်ထားကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောင်းသားများအနေနှင့် မိမိတို့ ရမှတ်စာရင်းအပေါ် ခန့်မှန်းထားသည့် အမှတ်ဖြင့်ကွာဟနေ၍ သံသယဖြစ်လျှင် တစ်ဘာသာ ကျပ် ၂၅၀၀၀ ပေး၍ ပြန်စစ်ပေးရန် လျှောက်ထားနိုင်ကြောင်း ယင်းဌာနက ခွင့်ပြုထားခြင်းဖြစ်သည်။
လျှောက်ထားသူများအနေနှင့် ကျောင်းသားအမည်၊ မိဘအမည်၊ မွေးသက္ကရာဇ်၊ ဖြေဆိုခဲ့သည့် စာစစ်ဌာန၊ ခုံနံပါတ်၊ ပြန်စစ်ပေးရန် တောင်းဆိုသည့် ဘာသာရပ်၊ ဆက်သွယ်ရန်လိပ်စာတို့ကို စာစစ်ဌာနသို့ ပေးရမည်ဖြစ်သည်။
အချိန်အတိုင်းအတာအနေနှင့် လျှောက်လွှာတင်သည့်နေ့မှ တစ်လအတွင်း ပြန်သိရမည်ဖြစ်ပြီး လျှောက်ထားမှုကို ရက်သတ်မှတ် မထားသော်လည်း တက္ကသိုလ်ဝင်ခွင့် နောက်ဆုံး တင်ရမည့်အချိန်အထိသာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။
ယခုနှစ်တွင် အမှတ်စာရင်း ပြန်စစ်ခ တစ်ဘာသာကျပ် ၂၅၀၀၀ တောင်းပြီး ယခင်နှစ်က တစ်ဘာသာ ကျပ် ၅၀၀၀ တောင်းခဲ့သည်။ ယခင်နှစ်က အမှတ်စာရင်း ပြန်စစ်ပေးရန်တောင်းဆိုသူ ကျောင်းသား ၁၀၀၀ ခန့်ရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
ကျော်ဖြိုး
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
01-Dec-2019