News

POST TYPE

NEWS

ရန်ကုန်ကလေးဆေးရုံကြီး၌ H1N1 သီးသန့်လူနာဆောင် စတင်ဖွင့်လှစ်
27-Jun-2019
ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်ကလေးဆေးရုံကြီး၌ ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

“သံသယရှိတဲ့သူကို အဲဒီဝပ်ကိုပို့ပြီး တခြားစစ်ဆေးရမှာတွေကို National Lab ကို ပို့ပြီးတော့မှ H1N1 ဟုတ်၊ မဟုတ် သေချာထပ်စစ်ရမယ်။ အခုကတော့ သံသယလူနာနှစ်ဦးရှိတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး ကူးစက်သူ ၄၄ ဦးရှိကာ သံသယလူနာ ၂၁၂ ဦးရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက အတည်ပြုပြောကြားသည်။

J-12


  • VIA