News

POST TYPE

NEWS

ချစ်သူက လမ်းခွဲသွားသဖြင့် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံ
26-Jun-2019
ရန်ကုန်၊ ဇွန် ၂၆

ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်အနောက်ရပ်ကွက်၊ နတ်စင်လမ်းတွင် ဇွန် ၂၅ ရက် နံနက်ပိုင်းက အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ ၎င်း၏ ချစ်သူမိန်းကလေးက လမ်းခွဲသွားသဖြင့် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ လူငယ်အမျိုးသားမှာ နတ်စင်လမ်းရှိ Myanmar Millon Group ငါးလုပ်ငန်းဝင်းတွင် ငါးရွေးလုပ်ကိုင်သူ ဖြစ်ပြီး ၎င်း၏ ချစ်သူမိန်းကလေးက လွန်ခဲ့သည့် နှစ်ပတ်ခန့်က အဆက်အသွယ်ဖြတ်ခဲ့သဖြင့် စိတ်ထိခိုက်ပြီး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ သိရှိရသည်။

ငါးလုပ်ငန်းဝင်းရှိ ရေခဲစက် စတိုခန်းအတွင်း ကြိုးဆွဲချ သေဆုံးခဲ့သူ လူငယ်အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရရုံကြီးမှ ပီအာရ် ၀၄၃ ဖြင့် လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA