News

POST TYPE

NEWS

မုံရွာတွင် H1N1 တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး
20-Jun-2019
မုံရွာ၊ ဇွန် ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကလေးဆေးရုံကြီးတွင် အသက် ၆ လအရွယ် ကလေးတစ်ဦး H1N1 တုပ်ကွေး ရောဂါကြောင့် ဇွန်လ ၁၅ နေ့ကတည်းက သေဆုံးခဲ့ကြောင်း မုံရွာဆေးရုံကြီးမှ စုံးစမ်းသိရသည်။

ကလေးငယ်သေဆုံးမှုသည် H1N1 တုပ်ကွေးရောဂါတစ်ခုတည်းကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါများပါ ရှိနေခြင်းကြောင်း သေဆုံးခြင်းဖြစ်ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

ထိုအပြင် မုံရွာမြို့နယ် သာစည်ကျေးရွာမှ အသက် ၆ နှစ်အရွယ်ယောကျ်ားလေးတစ်ဦးကို H1N1 ပိုးတွေ့ပြီး ကလေးဆေးရုံကြီးတွင် ဆေးကုသခံပြီး ပျောက်ကင်းသဖြင့်ဇွန် ၁၂ တွင် ဆေးရုံက ဆင်းခဲ့သည်ဟုလည်း ယင်းဆေးရုံးမှ သိရသည်။

“လက်ရှိမှာသံသယရှိ လူနာ မရှိပါဘူး”ဟု မုံရွာအထွေထွေဆေးရုံကြီးမှ ဒေါက်တာ နန်းမြတ်မြတ်မွှေးက ဆိုသည်။

အဆိုပါ H1N1 တုပ်ကွေးရောဂါဖြစ်ပွားပြီး သေဆုံးမှုနှင့် ပတ်သက်၍ မုံရွာမြို့ရှိ ပြည်သူများသိရှိစေရန် စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိကြောင်း ယင်းမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ဆောင်နေသော ကိုအောင်နေမျိုးက မှတ်ချက်ပေးသည်။

မုံရွာမြို့တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့သည်။

R-08


  • VIA