News

POST TYPE

NEWS

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇနီးကို ဓားနှင့်ထိုးသတ်
18-Jun-2019
တောင်ငူ၊ ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့အပိုင် အောင်ချမ်းသာ ကျေးရွာသစ် အလယ်တန်းကျောင်းခွဲမှ မူလတန်းပြ ဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူ အမှတ် ၃ နယ်ခြားစောင့်တပ်မှ ရဲတပ်သားတစ်ဦးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းမှ သိရှိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် ၃ နယ်ခြားစောင့်တပ်ရင်းမှရဲတပ်သားအဆင့်ရှိသူ သမိုင်းစည်သူ (ခ) သာဓု (၂၉ နှစ်) ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်က ဇနီးသည်နှင့်စကားများ ရန်ဖြစ်ရာမှ တစ်ဆင့် ငါးဖယ်ခုံးဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်ကနေခွင့်နဲ့ပြန်လာတာပါ။ ဇနီးကျောင်းကို လိုက်သွားပြီးအပြန်မှာ လူမှုရေးကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဓားနဲ့ထိိုးသတ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်တယ်လို့ဆိုတဲ့ ရဲတပ်သားကို အခင်းဖြစ်ပြီးနောက်နေ့မနက်မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု သာဂရနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။




  • VIA